[အပိုင်း၇ u+z]

4.2K 354 0
                                    

Unicode

"အမေ ဒါတွေက ဘာတွေလဲ?"

အထုပ်အပိုးများဖြင့် မတ်တပ်ရပ်နေတဲ့ အမေ့ကို တွေ့တာမလို့ သူမ အလန့်တကြား မေးကြည့်သည်။

"ဒါတွေက နင့်အဝတ်အစားတွေ အခု နင့်အဖေလဲ မရှိတော့ဘူးဆို နင်ဒီအိမ်ကနေ သွားတော့.."

သူမ အကြီးကျယ် ရှော့ခ် ရသွားတော့လေတယ်၊မျက်ဝန်းအိမ်များပါ ကျယ်ပြန့်လာပြီး အမေ့ကို မယုံနိုင်သဖွယ် ပြန်ကြည့်ပေမဲ့ အမေ့ မျက်နှာက ပြုံးရီနေသည်။

အမေက သူမကို လှောင်နေတာလား။

"အမေက ကျွန်မကို မုန်းတယ် ဆိုရင် တောင် ဒီလောက်ထိ လုပ်ဖို့က လိုလို့လား"

"နင်နဲ့ငါက ဘာမှမတော်ဘူး နင့်လို ကျန်းမာရေးမကောင်းတဲ့ ကလေးကို ငါဆက်မွေးထားရင် မွဲယုံပဲရှိမှာပေါ့ ငါနင့်ကို မရှာကျွေးနိုင်ဘူး.."

"သမီးက အမေ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေခဲ့တာလား.."

မတားရက်ခဲ့သော မျက်ရည်များသည် ဝေဝါးလာခဲ့သည်။ဒီ မျက်ရည်တွေကို သူမ မတားခဲ့ပါ သူမ ငိုဖို့အတွက် တကယ်လိုအပ်နေသည် စိတ်များဟာ ပေါက်ထွက်မတက် တင်းကျပ်စွာ ဝမ်းနည်းမှု စို့တက်နေသည်။

"အခုမှ မေးတာလား နင်မေးတာက နောက်ကျနေတယ် ဟိုးနင်ငယ်ငယ်လေးကတည်းက မေးရမှာ နင်ကငါ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပဲ သွားသွား နင်သွားလိုက်တော့.."

"ကျွန်မ မှာ နေစရာ မရှိဘူး.."

တုန်ရီနေသော ခြေထောက်များကို အားပြုရင်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကာ ပြောသည်။သူမ ကိုယ် သူမ ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်လို့ ပထမဆုံးအကြိမ် အသွေးအသားထဲကအထိ ခံစားမိသည်။

"အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ နင်ဘနင် ကြိုက်တဲ့ နေရာသွားနေ နေစရာမရှိရင် လမ်းဘေးသွားနေ တကယ်ပဲ အာရုံနောက်စရာ ကောင်းတယ်.."

*ဒုန်း*

ပိတ်သွားတဲ့ တံခါးကို ကြည့်ရင်း သူမ နှလုံးသားဟာ တစ်စတစ်စ နာကျင်စပြုလာတော့သည်။

မျက်ရည်များဟာလဲ အောက်သို့ တစ်သွင်သွင် ကျဆင်းလာသည်။

"လုပ်ရက်လိုက်တာ အမေရယ်.."

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now