[အပိုင်း၂၆ u+z]

3.4K 287 9
                                    

Unicode

လူခြေတိတ်ဆိတ်နေသော ညအမှောင်ဟာ ကြောက်ဖို့ကောင်းလောက်အောင် စိတ်ကသိကအောင်း ဖြစ်စေလှသည်။

"ဟူး"

တစ်ကိုယ်တည်း ကြားယုံလောက်တဲ့ သက်ပြင်းမျှင်မျှင်ကိုချရင်း လက်ထဲမှ အမှိုက်ထုပ်ကို ကန်အတွင်းသို့ ပစ်တင်ခဲ့သည်။

လက်မှ အမှုန်အမွှားများကိုခါရင်း ဘေစင်မှာ သွားဆေးခဲ့လေရဲ့။

ရေသံနှင့်အတူ ရောယှက်ပါလာသော ခြေသံသဲ့သဲ့ကို နားစွင့်မိတော့ အနောက်ကိုလှည့်ကြည့်မိသည့်အခါ လူသူကင်းရှင်းနေသည့် လမ်း။

"စိတ်ထင်တာနေမှာပါလေ"

အနည်းငယ် ဝင်လာသော ကြောက်စိတ်ကိုဖြေဖျောက်ရင်း စက်ဘီးကိုယူကာ အိမ်သို့ခပ်မြန်မြန် နင်းလာလိုက်တော့လေသည်။

အကြည့်များဟာ တစ်နေရာအရောက် ခပ်သဲ့သဲ့ပြုံးမိသွားသည်။

ပိုးနှင့်အန်တီကို နီးစပ်ပေးတဲ့ ထိုနေရာ။

အန်တီ ကားပျက်နေတုန်း ပိုးအိမ်ပြန်လိုက်ပို့ပေးခဲ့သည့် အခိုက်အတန့်ဟာ မနေ့ကအတိုင်းပင် နွေးထွေးမှုကို လတ်လတ်ဆတ်ဆတ် ခံစားနေရဆဲ။

စိတ်များဟာ တစ်စုံတစ်ခုကို တွေးမိရင်း ပြုံးနေသည့် နှုတ်ခမ်းများဟာ ခက်ထန်သွားခဲ့သည်။

ဒီနေ့နဲ့ဆို အန်တီနဲ့စုံရတာ ကိုးလတိတိပင် ပြည့်တော့မည် ဖြစ်သည် . . .

အချိန်တွေက ကုန်မြန်လိုက်တာ မိုးရယ်၊ဆောင်းရယ် ထိုအငွေ့အသက်များမှ စတင်ခဲ့သော အန်တီနှင့်သူမ အခြေအနေဟာ တစ်နေ့တစ်ခြား တိုးတက်လာနေတော့သည်။

ပိုဆိုးသည်က သူမရဲ့ ရောဂါအခြေအနေပင်...။

တစ်ခါတိုင်းအောင့်တက်လာတဲ့ ရင်ဘတ်က အသွေးအသားထဲမှတစ်ဆင့် နာကျင်မှုကို ခံစားရစေတယ် တစ်ခါခံစားရတိုင်း သေလုမတက်ပဲ။

ဒါပေမဲ့ တော်ပါသေးရဲ့ အနားမှာ အန်တီရှိနေလို့။

"ဟေ့ ကောင်မလေး ခဏရပ်အုန်း"

အနောက်မှ ထွက်လာသော အော်သံကြောင့် နင်းနေရာမှ အချိန်လျော့ရင်း အနောက်ကိုလှည့်ကြည့်တော့ သူမဆီ ပြေးလာနေတဲ့ အမေ့နောက်ယောင်္ကျား။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now