[အပိုင်း၃၀ u+z]

3K 256 12
                                    

Unicode

"မင်း ဆင်းလာပြီလား တို့ ထမင်းချက်ထား.."

"ညမှ စားတော့မယ်"

ညှပ်ရိုးနား ဝဲရစ်နေသော ခပ်ပွယောင်ယောင် ဆံပင်များကို လက်ဖြင့် ပြန်သပ်ရင်း ကိုယ်ခန္ဓာ အပေါ် အောက် တစ်ချက်ကြည့်ကာ အိမ်ပြင်သို့ ထွက်ရန် ပြင်သည်။

"ဘယ်သွားမလို့လဲ"

အိမ်အပြင်ထွက်ခံနီး ဆွဲထားသော လက်ကြောင့် ခြေထောက်များဟာ ရပ်တန့်သွားသည်။

"ဘာဖြစ်လို့.."

မေးခွန်းထုပ်မိလေတော့ အန်တီ၏ ခပ်မှေးမှေး မျက်ဝန်းကျယ်များဟာ မေးခွန်းထုပ်မရစွာ။

"ဟို..ဟို မင်းဒီနေ့ သိပ်လှနေလို့.."

ပိုး၏ ပါးပြင်ဟာ ရှက်ဝဲကလေး ဝဲသွားရတော့လေသည်။

သို့ပေမဲ့ မူမပြတ်။

"ကျေးဇူးပဲ ကြယ်နဲ့အတူ လျှောက်လည်မလို့.."

"အာ.. အင်းပါကွယ်.."

လွှတ်ချသွားသော လက်ကလေးကြောင့် ပိုး တစ်ချက်ပြုံးပြရင်း ကြယ်ဆီသို့သာ ဦးတည်ခဲ့တော့လေသည်။

ကျန်ရစ်လေသော ခပ်မှေးမှေး မျက်ဝန်းကလေးခမျာတော့ အဖော်မရှိတဲ့ ကလေးငယ်သဖွယ်။

"ကြယ် စောင့်နေရတာ ကြာသွားပြီလား"

တွေ့နေကျနှင့်မတူ ဆံပင်ခပ်မြင့်မြင့် စီးထားသည့် ခေတ်ဆန်ဆန်ပုံစံကလေးဟာ တစ်မျိုး ချစ်ဖို့ကောင်းနေပြန်သည်။

ဂုတ်အဖြူကလေးများဟာလည်း စွဲမက်စရာ။

"သိပ်တော့ မကြာသေးပါဘူး ပိုးရယ် လာဒီနားကို.."

ပိုး တစ်ချက်ပြုံးရင်း ကြယ်ဘေးသို့သာ ဝင်ထိုင်ခဲ့လိုက်သည်။

"ကြယ် ဒီနေ့ လှနေတယ်နော်.."

မျက်လုံး တစ်ချက်ဝေ့ရင်း မြှောက်ပင့်လေတော့ ကြယ်၏ ပါးပြင်မှာ ရှက်ဝဲကလေး ဝဲသည်။

"အမလေး တော်လေးကသာ ကျွန်မထက် ပိုလှနေတာပါနော်.. ဒါနဲ့ ချိန်းတာ ဘာကိစ္စ"

ပိုးဟာ ရှို့တို့ရှန်းတန့် ဖြစ်သွားဟန် ပေါ်လွင်သည်။

ပိုး အမူအရာကို အူယောင်ယောင်မျက်ဝန်းများဖြင့် ကြယ်ငေးမောနေမိသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now