[အပိုင်း၉ u+z]

4.2K 362 17
                                    

Unicode

"သိပ်စိတ်ပျက်ဖို့ ကောင်းလိုက်တာ လွန်ရောပါလေ.."

မရေတွက် နိုင်သော သက်ပြင်းများစွာဟာ ချမြဲ ချနေဆဲ..။

အမေဟာလေ သိပ်ကို နားလည်ရခက်လွန်းတယ် အဘယ်ကြောင့်များ မကောင်းတဲ့ ယောကျာ်းကို ယူထားရတာပါလိမ့်..။

အမေ အတွက် သိပ် စိတ်ပူမိတာပဲ။

"အန်တီဆူလ်ဇီကလည်း ပြန်မလာသေးပါလား.."

အလုပ်ဆီသို့ ထွက်သွားသော အန်တီ ကို အိမ်တွင် လွမ်းရစ်ကာ ကျန်ခဲ့လေတော့သည်။

မှောက်မိုက်လှသော အိမ်အိုကြီးထဲတွင် ပိုး တစ်ယောက်ထဲ ၊ အရာအားလုံးဟာ ခြောက်ကပ်ကပ်။

"အပြင်မှာ အလုပ်သွားရှာအုန်းမှပါလေ.."

မလုပ်မရှိ အကိုင်မရှိ အချိန်တွေကို ပိုးမဖြတ်သန်းချင်တော့ပေ။ အားတုန်းလေး အလုပ်သွားရှာ ထားမှ မပျင်းတော့မှာ မဟုတ်လား..။

ချည်ဖြင့် ပြုလုပ်ထားသော ပါတိတ် အဝါ ရင်ဖုံးကလေးကို နေကြာပုံစံ ရေထိုးထားသော အဝါရောင် လုံခြည်ကလေး ဖြင့် လိုက်ဖက်စွာ ဝတ်ဆင်လိုက်လေသည်။

ဖြာဆင်းနေသော အမဲရောင် စင်းစင်း ဆံပင်လေးဟာ မြန်မာဆန်သော အလှကို ဖော်ကျူးနေသည်။

အဖေ ဝယ်ပေးထားသော ကြိုးသိုင်းဒေါင့်ဖိနပ် ကလေးကို မြင်သည့်အခါ စိတ်အလုံးစုံဟာ အနည်းငယ် မှိုင်ထွေသွားလေသည်။

ဖိနပ်ကို တယုတယ စီးရင်း ဆောင်း မက်ဆေ့ ပို့ထားသော ကော်ဖီဆိုင်ကလေးသို့ ဘတ်စ်ကား စီးရင်း ထွက်လာခဲ့သည်။

"ဟော..မိုးကရွာတော့မှာလား.."

အုံးမှိုင်းမှိုင်း ဖြစ်နေသော ရာသီဥတုဟာ ပြိုကျလုမဆဲ မှိုင်တွေနေသည်။

ရုတ်တရက် ရွာချရင် မဖြစ်ပါဘူးလေ ပိုး မြန်မြန်သွားမှ..။

မိနစ်အချို့လောက် လမ်းလျှောက်ပြီးသည်နှင့် ထိုဆိုင်ကို ရောက်လာခဲ့လေသည်။

"အပြင်အဆင်က လှလိုက်တာလေ.."

သေးလှပါသော ကော်ဖီဆိုင်ကလေးဟာ အဖြူနဲ့အဝါ ရောဆက်ထားသ၍ သိပ်ကို အမြင်ထည်ကြည်လွန်းနေသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now