[အပိုင်း၁၄ အဆက်]

3.7K 344 29
                                    

Unicode

"ဘယ်လိုလုပ်ရပါ့ တို့က မင်းကိုမချစ်ဘူး.."

အခန်းပြင်သို့ ထွက်သွားသော ကျောပြင်လေးကို ငေးရင်း ပိုး မျက်လုံးများဆီသို့ ပင်လယ်အိုင်ကလေးများ ရိုက်ခက်လေခဲ့သည်။

"ပိုး သိပါတယ် အန်တီရယ် ၊ အန်တီ မချစ်လည်း ပိုးချစ်တယ်လေကွယ်.."

ပြတင်းပေါက်မှ ဖြာကျနေသော လမင်းကြီးသည် ပိုးကို လှောင်ရီနေဟန်ရှိသည်။

လက်လှမ်း မမှီနိုင်တဲ့ လှပတဲ့အရာကလေးကို ခူးယူချင်ခဲ့မိတာ သိပ်ကို ရူးမိုက်မိလေသလား။

"ဘယ်လိုထင်သလဲ လမင်းကြီး ၊ အဲ့ အမျိုးသမီးလေးက ကျွန်မနဲ့ မထိုက်တန်ဘူးလား.."

တိမ်ဆိုင်တွေကြား ပုန်းကွယ်သွားသော လမင်းကြီးဟာ ပိုး အဖြေကို ဥပက္ခာပြုခဲ့လေသလား။

လမင်းကြီးတောင် ဂရုမစိုက်တာ အန်တီ သာဆိုရင် ဝေးလေရော့ပါလား။

ဥပက္ခာတွေပေးလည်း ပိုး အဆင်ပြေပါတယ် အန်တီ ၊ ပိုးဟာ ငေးကြည့်နေရတာကို သဘောကျတာမို့။

"အိမ်ပြန်ရအောင်.."

မျှော်လင့်နေသော လက်တစ်စုံဟာ လာမဖေးမ သ၍ ကိုက်ခဲနေသော ခေါင်းကို အားပြုရင်း ကုတင်ထက်မှ မတ်တပ်ရပ်လိုက်လေသည်။

"အာ့.."

လဲကျသွားသော ပိုး၏ ကိုယ်ခန္ဓာဟာ လူတစ်ယောက်ရဲ့ ဖမ်းဆွဲမှုကို မျှော်လင့်နေမိ မိုက်မဲလေသလား။

မထင်ထားသလိုပါပဲ အန်တီဟာ ပိုး မျှော်လင့်ချက်တွေကို ရှိုက်ချိုးပြန်လေတယ်။

"အန်တီ ထူပေးပါအုန်း.."

ပိုးကို မှိုင်တွေစွာ ရပ်ကြည့်နေသော အန်တီ ကို အားကိုးတစ်ကြီး တောင်းဆိုမိခဲ့သည်။

ပိုး ခြေထောက်များဟာ လေးပင်နေပြီး ခေါင်းများဟာလည်း ထိုးကိုက်နေလှသည်။

"တို့ကို အားမကိုးနဲ့ မင်းကိုယ့်ဘာသာကို ပြန်ထနိုင်အောင် ကြိုးစား.."

ချာကနဲလှည့်ထွက်သွားသော အန်တီ ကျောပြင်လေးဟာ သိပ်ကို အညှာအတာကင်းမဲ့လွန်းသည်။

အန်တီ ဆူလ်ဇီ / အန္တီ ဆူလ္ဇီWhere stories live. Discover now