2.3(Z)

567 104 3
                                    

ရီဟြိုင္က တကယ်တော့ တောရိုင်းမြေမှာပေါက်ရောက်နေတဲ့ အစွမ်းထက်အပင်တစ်မျိုးနဲ့တူပေသည်။သူက အတက်အလက်တွေနဲ့
အရွက်တွေ စုံလင်စွာ ထွက်လာနိုင်သည့်
ကောင်လေးတစ်ယောက်ဖြစ်သည်။

ရီဟွိုင်သက်သာလာတော့ ချန်လီကောက သူ့ကို
တစ်ခါထပ်စကားပြောခဲ့ပြန်သည်။တကယ်တော့
အရာအားလုံးက ရှန်းယိုလင်ကို မသိစေဘဲ
လုပ်ခဲ့ပေမယ့် သူမသိသွားတဲ့အခါမှာတော့
ချန်လီကောက နည်းမျိုးစုံဖြင့် လိမ်ခဲ့ရသည်။

ချန်လီကောက ရီဟွိုင်ကို ကောလိပ်ပြီးသည်အထိ ထောက်ပံ့ပါမည်ဟု ကတိပေးခဲ့သည်။
ဒီထောက်ပံ့မှုထဲမှာ သူ့အမေရဲ့ဆေးဖိုးသားမက
သူ့ပညာသင်စရိတ်ရော သူတို့သားအမိ နေစရိတ်ရော အားလုံးပါသည်။ဒါတွေအားလုံးအတွက်
ကုန်ကျစရိတ်ကိုတော့ ရီဟွိုင် ကျောင်းပြီးလို့
အလုပ်လုပ်ပြီးမှ ပြန်ဆပ်ရမည်။သို့သော်
ချန်လီကောက အချိန်တော့ ကန့်သတ်မထားခဲ့....

"မင်းငါ့ဆီမှာ အခု ဒါမှမဟုတ် ကောလိပ်ပြီးမှ
အလုပ်လုပ်လို့ရတယ်"

ချန်လီကောက ရီဟွိုင်သေချာပေါက် နောက်ပိုင်းမှအလုပ်လုပ်တာကို ရွေးမည်ဟုထင်လိုက်သည်။
ဘာလို့လဲဆိုတော့ သူက အရမ်းစာတော်တဲ့ကလေးလေ။သို့သော် မမျှော်လင့်ထားတာကတော့ ရီဟွိုင်က အခုအလုပ်လုပ်ချင်သည်ဟု
ပြောလာတာပဲ ဖြစ်သည်။

ချန်လီကောက မယုံနိုင်ဖြစ်မိသော်လည်း
အကြောင်းပြချက်ကိုတော့ မမေးမိခဲ့။

ရီဟွိုင်နဲ့ ချန်လီကော ဆွေးနွေးနေတာ ညစာစားတဲ့ စားပွဲပေါ်မှာဖြစ်နေသည်။ရီဟွိုင်က အစကတော့ အရမ်းစိတ်လှုပ်ရှားနေပေမယ့်
နောက်ပိုင်းမှာတော့ သူ့စိတ်သူထိန်းနိုင်လိုက်ပြီး
အချက်အလက်အသေးစိတ်ကိုမေးခဲ့သည်။

ချန်လီကောနဲ့ စကားပြောနေတုန်း ရီဟွိုင်ရဲ့
အကြည့်တွေက ဒီလူပေါ်ကနေ  လုံးဝ ရွေ့လို့မရခဲ့ဘူး။သူက ပထမတုန်းက အလွန်ကို စိတ်လှုပ်ရှားခဲ့သည်၊ ဘာလို့လဲဆိုတော့ သူ့ရှေ့ကလူက
သေလောက်အောင်လှသောကြောင့် ဖြစ်သည်။

ဒီလူက အနက်ရောင်suitကို ဝတ်ဆင်ထားသည်။
သူပြောတဲ့အသံက လေးနက်ပြီး ပြောသမျှ
အရာအားလုံးကလည်း တစ်ဖက်လူကို ဆွဲဆောင်နိုင်သည်။သူ့အသားအရေကလည်း ဖြူဖွေးနေပြီး
ကြည့်တာနဲ့တင် ရွှေဇွန်းကိုက်မွေးလာတဲ့သူဆိုတာ သိသာစေသည်။နီရဲနေတဲ့ နှုတ်ခမ်းတစ်စုံဟာ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ထို့နောက် ဖီးနစ်ငှက်ရဲ့ မျက်လုံးတွေနဲ့
အလားသဏ္ဍာန်တူတဲ့ မျက်လုံးတွေကလည်း
ရီဟွိုင်ရဲ့ လည်ဇလုတ်ကို အထက်အောက်ရွေ့လျားနိုင်အောင် ပြုလုပ်ပေးနေသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now