7.3(U)

2.2K 517 19
                                    


ညစာစားပြီးတဲ့နောက် ရှန်းယိုလင်က ချန်လီကောကို ဖုန်းဆက်ခဲ့သည်။သူမက ရွှီဇယ်အကြောင်းကို ကြမ်းတမ်းစွာ ဆဲရေးပြောဆိုရင်း သူမကိုယ်သူမလည်း မျက်လုံးကန်းနေလို့ ရွံစရာကောင်ကို ကြိုက်မိ​ကြောင်း ပြောလာခဲ့သည်။

ချန်လီကောက နားထောင်ခဲ့ပြီး တစ်ခွန်းမှ ပြန်မပြောခဲ့ပေ။

အဆုံးမှာတော့ ရှန်းယိုလင်က ပြောလာသည်။

"ဒါပေမဲ့ ကိစ္စတော့မရှိပါဘူးလေ၊ နောက်ထပ်ချစ်သူအသစ်ရှာဖို့ သမီးစဥ်းစားထားပါတယ်"

ချန်လီကောက ပါးစပ်ထဲက ရေနွေးကြမ်းတွေတောင် အပြင်သို့ ထွက်ကျလာရသည်။

ရှန်းယိုလင်က ဆက်ပြောလာသည်။

"အဲဒီအစ်ကိုကြီးက ရွှီဇယ်ထက် ပိုသာတယ်၊ဒါပေမဲ့ သူက သမီးကို ဂရုစိုက်ပုံမပေါ်ဘူး"

ချန်လီကောက သူ့သမီးကို တကယ့်ကို လေးစားသွားသည်။

"ကိစ္စမရှိပါဘူး၊သူသမီးကို ချစ်လာအောင် လုပ်ရမှာပေါ့"

သူ့သမီးရဲ့ ဒီတစ်ကြိမ် ဖုန်းကောလ်က သူ့ကိုများစွာ တုန်လှုပ်စေသည်။ထို့ကြောင့် သူက ဖုန်းဆက်ပြီးနောက် ရေချိုးလိုက်ပြီး အိပ်ရာဝင်လိုက်သည်။

သူ့ရဲ့ထိတ်လန့်မှုတွေက အိပ်မက်ထဲထိပါလာတော့သည်။

သူလန့်နိုးချင်ပေမဲ့လည်း သူ့ရှေ့၌ အမှောင်ထုစိုးမိုးနေပြီဖြစ်သည်။သူ့စိတ်တစ်ခုလုံးဟာလည်း ရွှံ့ပုံကြီးလို နွမ်းညစ်နေလေပြီ။

ထို့နောက် သူ့ကို "အဖေ"လို့ခေါ်သံကို တိုးလျစွာ ကြားလိုက်ရသည်။ဒီအသံက ဘယ်လိုပဲဖြစ်ဖြစ်
ကမ္ဘာပျက်ကပ်(Arc 5)တုန်းက ချန်းရှီးရဲ့အသံဆိုတာ သေချာသလောက်ရှိလေသည်။သူ အဲဒီကမ္ဘာက ထွက်လာတော့ ချန်းရှီးဘယ်လိုနေလဲသူမသိပေ........

[T/N ရှေ့အပိုင်းတွေမှာပြောခဲ့ပေမဲ့ ထပ်ပြောလိုက်ပါဦးမယ် ချန်းရှီးဆိုတာ Arc5တုန်းက ချန်လီကောမွေးစားပြီး သူ့ကိုပြန်စားသွားတဲ့ သူ့ရဲ့မွေးစားသား gong နာမည်ပါ]

သို့သော်လည်း အဆုံးမှာတော့ သူနိုးလာခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ထူးဆန်းနေခဲ့ငည်။သူက ကုတင်ပေါ်မှာ ထိုင်လိုက်ပြီးနောက် သူ့နဖူးကို လက်ဖြင့်သပ်လိုက်တော့ လက်မှာ အေးစက်စက်ချွေးတွေ ကပ်ပါလာခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now