4.3(U)

2.3K 416 13
                                    


ရီဟွိုင်က ချန်လီကောထွက်သွားတာကို ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူရယ်လိုက်မိသည်။

"အသုံးမကျလိုက်တာ"

ချန်လီကော သူ့အတွက်ရေဖြည့်ပေးတုန်းက သူ့အင်္ကျီလက်တွေ ရေမစိုအောင် မတင်ထားတာဖြစ်သည်။ရီဟွိုင်က သူ့ရဲ့ ကြည်လင်ပြီးဖြူဖွေးနေတဲ့ တံတောင်လေးကိုလှမ်းမြင်လိုက်ရတော့
အလိုလို သူ့ညီလေးက တုန့်ပြန်နေပြီဖြစ်သည်။

ချန်လီကောသာ သူဒုက္ခခံ၍ပြုစုပျိုးထောင်ထားသောကလေးက ဒီလိုစိတ်တွေရှိနေတာသာသိရင်
သူ ရွံရှာသွားမှာပဲဟု ရီဟွိုင်က ထင်ထားခဲ့သည်။

ရီဟွိုင်က လက်နှစ်ဖက်ဖြင့် ရေကိုခပ်လိုက်ပြီး
သူ့မျက်နှာကို သစ်ရင်း သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် သတိပေးနေမိသည်။သူ့အမူအရာက စိတ်မရှည်သည့်အပြင် သူ့ကိုယ်သူလည်း စက်ဆုတ်နေမိသည်။

ချန်လီကောက ရီဟွိုင် ရေချိုးခန်းထဲကထွက်လိုက်တော့ သူအနံ့တစ်ခုရလိုက်သည်။

အဲဒီအနံ့က ရီဟွိုင်အခန်းထဲမှာ အရင်နေ့ကရသော အနံ့ပင်ဖြစ်သည်ကို နားလည်သွားသောအခါမှာတော့ သူ့နားရွက်တွေ နီရဲလာခဲ့သည်။

ရီဟွိုင်က ချန်လီကော သတိထားမိတာကို သတိမပြုမိခဲ့ဘူး။သူက သူ့ဆီမှာရှိတဲ့အတွေးတွေကိုပဲ
ပြန်ချိုးနှိမ်ရန် ကြိုးစားနေလိုက်သည်။

တကယ်တော့ ရီဟွိုင်လည်း အရွယ်ရောက်လာပြီပဲလေ။ချန်လီကောက ဒီနှစ်အတောအတွင်း
ဒီကောင်လေး ချစ်သူရသွားလျှင် အဆင်ပြေသွားမည်ဟု တွေးလိုက်သည်။ သို့သော်လည်းပဲ
သူ့နှလုံးသားထဲမှာ သူ့အိမ်ကသားအတွက် နောင်တရတာလို ချဥ်တာလိုခံစားနေရသေးသည်။

ချန်လီကောရဲ့အတွေးတွေကို ရီဟွိုင်က မရိပ်မိခဲ့ဘူး။သူသာ သိလို့ကတော့ ချန်လီကောကို
ချက်ချင်း ဆွဲယူလို​က်ပြီး

"သခင် ကျွန်တော် ချစ်သူရှာမှာမဟုတ်ဘူး
ကျွန်တေယ့်ဘဝမှာ တခြားတစ်ယောက်ထပ်မလိုတော့ဘူး"

လို့ပြောမှာ အသေအချာပင်ဖြစ်သည်။

ဒဏ်ရာရပြီး လအနည်းငယ်အကြာတွင် ရီဟွိုင် ကျောင်းပြန်တက်ခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now