7.2(U)

2.3K 398 4
                                    

အိမ်ပြန်တဲ့တစ်လမ်းလုံး ချန်လီကောက systemကို ရွှီဇယ်က ရှန်းယိုလင်ရဲ့ လက်တွဲဖော်အစစ်ဟုတ်မဟုတ် ထပ်ခါထပ်ခါ အတည်ပြုနေခဲ့သည်။

system- "အရင်က အဲလိုပြောခဲ့ပေမဲ့ ဒီကမ္ဘာမှာ ရှာတွေ့တယ်ဆိုတဲ့ စကားကမတူလှဘူး"

ချန်လီကော-"ဘာမတူတာလဲ??"

system-"သူမ လက်တွဲဖော်ကို ရှာတွေ့တယ်၊ရှာတွေ့တယ် ဆိုတာက တွေ့ရုံပဲလေ အဲဒါက သူမတစ်သက်လုံးအတူရှိချင်တဲ့လူလို့ မဆိုလိုဘူးလေ။သူတို့ အခုမှ  သူငယ်ချင်း ဒါမှမဟုတ် အချင်းချင်းသိတဲ့လူတွေပဲ  ဖြစ်နိုင်သေးတာပဲ"

systemရဲ့ စကားကြားတော့ သူက ဖုန်းကိုချက်ချင်းထုတ်လိုက်ပြီး သူ့လူတွေကို ရွှီဇယ်ရဲ့ အကြောင်းကို စုံစမ်းခိုင်းလိုက်သည်။

အရင်က system က သူ့သမီးရဲ့ လက်တွဲဖော်လို့ ပြေပေမဲ့ သူမယုံခဲ့ဘူး။သူ့လူတွေလွှတ်ပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ ရွှီဇယ်ရဲ့အကြောင်းအရာ က တော်တော်ကြောက်စရာကောင်းနေခဲ့သည်။
ဘာလို့လဲဆိုတော့ သူ့ပုံစံက အခုချိန်ထိ လောကဒဏ်အားလုံးကို ခံစားခဲ့ရသည့်ပုံပေါ်နေသောကြောင့််ပင်....

သူ့လူတွေကလည်း သတင်းပြန်ပို့တာအတော်မြန်သည်။ချန်လီကောက အဲဒါကိုမြင်တော့ သူ့မျက်ခုံးတွေကို တွန့်ကွေးလိုက်သည်။

ဒီရွှီဇယ်ရဲ့ သတင်းအချက်အလက်တွေက တော်တော့်ကို ရှင်းလင်းတာပင်။ရှင်းလွန်းလို့ သာမန်လူမှဟုတ်ရဲ့လား ထင်မိသည်။ သူကလေးဘဝမှာပဲ မိဘနှစ်ပါးစလုံး အသက်ဆုံးရှုံးခဲ့ရပြီး သူ့အဒေါ်အိမ်မှာနေခဲ့သည်။သူက စာတော်သောကြောင့် ပညာသင်ဆုများ နှစ်စဥ်ရခဲ့သည်။ သူက တခြားသူတွေကို ကူညီတတ်ပြီး ပရဟိတအသင်းများတွင်ပါ ပါဝင်ထားသည်။

"သူ့မိဘဘက်က အဒေါ်ဆိုတာ အမှန်ဟုတ်မဟုတ် စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်"

သူ့စကားကို ကြားတော့ လက်အောက်ငယ်သားက "ဟုတ်ကဲ့" ဟု ပြောခဲ့သည်။

ချန်လီကောက စာကြည့်ခန်းထဲမှာ ထိုင်ရင်း သူ့သမီး ထိုကောင်လေးဆီမှာ အရမ်းကြီး ပျော်ဝင်မနေဖို့ ဆုတောင်းနေခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now