4.2(U)

2.4K 405 10
                                    


တကယ်တော့ ချန်လီကောက အိမ်မကြီးကို ပြန်ပြီး နှစ်သစ်ကူးလေ့မရှိခဲ့ဘူး။ သူလာတဲ့အချိန်တိုင်း သူ့နားကို မိန်းမတွေအများအပြား ချဥ်းကပ်ခိုင်းတဲ့လူတွေနဲ့ ပြည့်နေလို့ပဲ.....

ဒီတစ်ကြိမ်မှာလည်း ထူးမခြားနားပါပဲ သူ့ဝမ်းကွဲတွေက ဆေးပေးမီးယူလိုချင်ရင် သူတို့နှင့်သိတဲ့ မိန်းမကောင်းလေးတွေရှိကြောင်း မိတ်ဆက်ပေးမည်ဖြစ်ကြောင်းလည်း ပြောလာသည်။

အရင်ကတော့ သူက သူ့သမီးလေးက ငယ်သေးလို့လို့ အကြောင်းပြခဲ့ပေမယ့် အခုသူ့သမီးက
အထက်တန်းကျောင်းရောက်ပြီဆိုတော့
ဘာအကြောင်းပြချက်ပေးရမလဲ မသိတော့ဘူး။

ထို့ကြောင့် သူက ပွင့်ပွင့်လင်းလင်းပဲ ပြောလာသည်။

"မရှာချင်ပါဘူး"

သို့သော်လည်း သူ့ဝမ်းကွဲတွေက အရှုံးမပေးဘဲ
ဆက်ပြောလာခဲ့သည်။

"ဒါဆို အနာဂတ်မှာ ယိုလင်က မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်.........."

"မင်းသေချာပေါက် ဆေးပေးမီးယူတော့ လိုတယ်နော်"

သူတို့ပြောချင်တဲ့အဓိပ္ပါယ်ကတော့ ရှန်းယိုလင်က မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မိသားစုစီးပွားရေးကို ဦးစီးနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ရှန်းယွီချန်သာ ကွယ်လွန်သွားရင် ဒီစီးပွားရေးတွေအကုန် ဘယ်လိုလုပ်မလဲဆိုတဲ့ သဘောပင်ဖြစ်သည်။

ချန်လီကောက ပြုံးလိုက်ပြီး ဖြေလာသည်။

"စောပါသေးတယ်"

ဝမ်းကွဲတွေရဲ့မျက်နှာပေါ်မှာ မကျေနပ်ကြပေမယ့် သိသာအောင်လည်းမလုပ်ရဲကြပေ။

ချန်လီကောကလည်း မျက်နှာသေဖြင့် သူတို့အား
လျှော့ပေါ့မပြောပေ။

ထို့ကြောင့် သူတို့ဘာမှဆက်မပြောနိုင်တော့ပေ။
ရှန်းမိသားစုအတောအတွင်းမှာတောင် ရှန်းယွီချန်ကသာ သြဇာအာဏာအကြီးဆုံးဖြစ်သဖြင့်
သူတို့တစ်ခုခုမလုပ်ခင် ရှန်းယွီချန်၏မျက်နှာကို ကြည့်ဖို့လိုသည်လေ......

နှစ်သစ်ကူးအကြိုညမှာဆိုရင် မီးရှူးမီးပန်းဖောက်သံများနှင့်အတူ ဗျောက်အိုးဖောက်သံများနှင့်
ဆူညံနေကြသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now