10.1(U)(Beautiful wedding)

2.5K 367 12
                                    


"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး( 10 )"

"ရီဟွိုင်၊ နင်ငါ့အဖေကို ဘာတွေလုပ်ခဲ့တာလဲ!!!"

ရှန်းယိုလင်က သေနတ်တစ်လက်ကို
ရီဟွိုင်ရဲ့ နဖူးတည့်တည့်၌ ချိန်ထားခဲ့သည်။
သူမရဲ့ မျက်လုံးတွေက ဒေါသအရိပ်အယောင်
တွေနှင့် ပြည့်နေပြီ သွားများလည်း
ကြိတ်ထားခဲ့သည်။သူမလက်ချောင်းတွေ
ကလည်း သေနတ်မောင်းကို ဆွဲချရန်
ယားနေခဲ့သည်။

သေမင်းနဲ့ ရင်ဆိုင်ရချိန်မှာတောင် ရီဟွိုင်ရဲ့
အပြုအမူက အေးဆေးတည်ငြိမ်နေသည်။

သူက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်သည်။

"ရှန်းယိုလင် မင်းကိုယ်မင်း ဘာလုပ်နေတာလဲဆိုတာရော သိလား?????"

"သေချာတာပေါ့၊ ငါသိတာပေါ့"

ရှန်းယိုလင်က အော်လိုက်သည်။

"အဖေ ထူးဆန်းတဲ့ နေမကောင်းမှုဖြစ်တာလည်း
နင့်ကြောင့်ပဲမလား!!!"

ရီဟွိုင်က သူမကို အေးစက်စွာ ကြည့်လိုက်သည်။

"နင် မျက်နှာနှစ်ဘက်နဲ့ မကောင်ဆိုးဝါးကောင်!!!"

သူမက ရီဟွိုင်ရဲ့ အေးစက်စက် အပြုအမူကို
ကြည့်ရင်း သူမတစ်ကိုယ်လုံးလည်း
ဒေါသကြောင့် တုန်ယင်လာသည်။

"လွန်ခဲ့တဲ့ နှစ်တွေအတောအတွင်း ငါ့အဖေ
နင့်ကို ဘယ်လိုဆက်ဆံပေးခဲ့လဲ????လူတိုင်း
သိတယ်။ နင်ကရော???? သူ့ကျေးဇူးကို
ဒီလိုနည်းနဲ့ ပြန်ဆပ်လိုက်တယ်ပေါ့။ရီဟွိုင်
နင်က တကယ့်ကို တစ်ခုခုပဲ။ ရက်စက်ပြီး
ကောက်ကျစ်တာတောင် ဒီလောက်မဆိုးဘူး!!"

ရီဟွိုင်က ရှန်းယိုလင်ကို လျစ်လျူရှုလျက်
ပြုံးပြီး ပြောလာသည်။

"အဲလိုဆိုရင်တောင် ဘာဖြစ်လဲ????"

သူ့စကားကို ကြားတော့ ရှန်းယိုလင်က
သူမလက်ကိုမြှောက်လိုက်ပြီး သေနတ်ဒင်ကို
ရီဟွိုင်ခေါင်းကို ရိုက်လိုက်သည်။

ရီဟွိုင်ရဲ့ခေါင်းက ကွဲသွားပြီး ချက်ချင်း
သွေးတွေ ဖြာထွက်လာပြီး ပါးပေါ်ထိ
စီးကျလာခဲ့သည်။ နောက်ဆုံး မေးစေ့ကနေ
တစ်စက်စက် ​ကျနေလေသည်။
သူက သူ့မျက်လွှာကို အောက်ချလိုက်ပြီး
မျက်လုံးတွေကို မှိတ်လိုက်သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now