5.4(U)

2.5K 417 22
                                    


ချန်လီကောက သူ့အဝတ်အစားတွေကို ပြန်ဝင်လျက် အောက်ထပ်ကို ဆင်းလာခဲ့သည်။ သူအောက်ထပ်ရောက်တော့ ဘားကောင်တာမှာထိုင်ရင်း အရက်ပုလင်းအခွံတွေများစွာ ခြံရံနေသည့်
ရီဟွိုင်ကို တွေ့လိုက်ရသည်။

ချန်လီကောရဲ့ နှလုံးသားတစ်စုံဟာ တင်းကြပ်သွားပြီး ဘာမှမသိသလို ဟန်ဆောင်ကာမေးလာသည်။

"ရှောင်ဟွိုင်???"

ရီဟွိုင်က သူ့ခေါင်းကို မော့လိုက်ရင်း ပြောလာသည်။

"သခင်"

ချန်လီကောရဲ့ နှုတ်ခမ်းတွေက စုတ်ပြတ်နေပြီး
သူ့ရဲ့လက်ကောက်ဝတ်နဲ့လည်ပင်းတွေမှာ ကိုက်ရာတွေအမှတ်တွေရှိနေသည်။သူက ရီဟွိုင်ကို
တိုးလျစွာ ပြောလာသည်။

"ငါတို့အိမ်ပြန်ကြရအောင်"

"သခင်....တောင်းပန်ပါတယ်....ကျွန်တော်လာတာ နောက်ကျသွားတယ်"

ရီဟွိုင်က ရှုိက်သံနှင့်ပြောလာသည်။

"အိမ်ပဲ ပြန်ကြရအောင်"

ချန်လီကောက အလွန်ပင်ပန်းနေတာကြောင့် ရီဟွိုင်ကို တစ်ခွန်းမှ ဆက်မပြောတော့ဘဲ ရှေ့ကလျှောက်သွားလိုက်သည်။

ရီဟွိုင်က သူ့နောက်ကလိုက်လာပြီး သူ့လက်သည်းတွေ အရေပြားထဲကိုထိုးဖောက်ဝင်ရောက်မတတ် လက်သီးကို ဆုတ်ထားသည်။

ကားထဲမှာတော့ လေထုက တိတ်ဆိတ်နေခဲ့သည်။

ချန်လီကောက ဒီအဖြစ်ဆိုးကြီးကို တွေ့ကြုံခဲ့ရုံသာမက သူပြုစုပျိုးထောင်ထားတဲ့ကလေးကပါ
တွေ့သွားတဲ့အတွက်ကြောင့် စိတ်မသက်မသာခံစားလာရသည်။

ရီဟွိုင်က အလွန်ကို တိတ်ဆိတ်နေပြီး သူ့နှုတ်ခမ်းတွေကတော့ ပြတ်ထွက်မတတ် ကိုက်ထားသည်။

ချန်လီကောအိမ်ကို ရောက်တော့ သူအရင်ဆုံး ဆေးကြောလိုက်သည်။

ရီဟွိုင်က သူ့ကို အောက်ထပ်မှာစောင့်နေပြီး
နာရီဝက်လောက်ကြာတော့ ရေစိုနေတဲ့ဆံပင်ကို
သုတ်လျက် ချန်လီကောက ထွက်လာခဲ့သည်။

"အန်းဂတ်စ် ဘယ်မှာလဲ?????သူ့ကိုငါ့အတွက်ရှာလာပေး"

"ကျွန်တော် စုံစမ်းကြည့်ပြီးပါပြီ..သူဒီမနက်ပဲ နိုင်ငံခြားကို ထွက်သွား......."

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now