7.4(U)

2.3K 432 19
                                    


နောက်တစ်နေ့မနက်မှာတော့ ချန်လီကောဟာ ခါတိုင်းထက်စောပြီး မနက်၁၀နါရီမှာ နိုးလာခဲ့သည်။

သူအောက်ထပ်ကို ဆင်းပြီးမေးတော့ ရီဟွိုင်က မနက်၇နာရီဝန်းကျင်ကတည်းက ထွက်သွားပြီဟူ၍ပင်.......

ဒီကလေး ဒုက္ခတွေများရပြီဟု ချန်လီကောက တွေးမိလိုက်သည်။ သူ့ခဗျာ တစ်ဘက်က စာသင်ရပြီး တစ်ဘက်က နာမကျန်းတဲ့ဒီလူအိုကြီး၏ လုပ်ငန်းများကို ကူပေးရသည်လေ.....

သူမနက်စာစားပြီးတော့ စိတ်ကောင်းပေါက်နေသောကြောင့် အားကစားအခန်းထဲဝင်ပြီး လေ့ကျင့်ခန်းလုပ်နေခဲ့သည်။

သူနေ့တိုင်းနိုးလာတဲ့အချိန်က နည်းပါးသလို ပုံမှန်လည်း မဟုတ်ချေ။ထို့ကြောင့် အရေးကြီးကိစ္စများကို သူလုပ်နိုင်စွမ်းမရှိပေ။ကံကောင်းတာက ရီဟွိုင် အလုပ်ကြိုးစားပြီး ဒီဖိအားတွေအကုန်လုံးကို တောင့်ခံနိုင်လို့သာပေါ့။

ချန်လီကော တစ်ခါတစ်ရံ သူ့လက်အောက်ငယ်သားတွေဆီက ရီဟွိုင်ဘယ်လောက်တော်ကြောင်း သူတို့သူဌေးက အမြင်ရှိကြောင်းပြောသံများ နားနဲ့မဆန့်အောင်ကြားရတတ်သည်။

ချန်လီကောက အားလုံးအတွက် ယုံကြည်စိတ်ချသော်လည်း သူ့နားနေမှုနဲ့ပတ်သက်ပြီး နည်းနည်း စိုးရိမ်မိသည်။

ရီဟွိုင်က ချန်လီကောအတွက် ပြည်ပမှာ ဆေးရုံရှာပေးနေတုန်းပင်ဖြစ်သည်။ သို့သော်လည်း သူ့ခွင့်တောင်းမှုတွေအားလုံး ငြင်းခံရသည်။

ချန်လီကောက ပြောခဲ့သည်။

"ငါမသွားဘူး"

systemကလည်း ဒီကမ္ဘာက နည်းပညာအားလုံးကို စစ်ဆေးခဲ့ပြီး ဆေးရုံသွားတာက အချိန်ဖြုန်းနေမှန်းသိခဲ့သည်။

"သခင်....အရင်သွားကြည့်လိုက်ပါဦးလား...အဲဒါ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး ဆေးရုံနော်"

"မသွားဘူး"

ရီဟွိုင်က နှုတ်ခမ်းတွေကို စေ့လိုက်ရင်း ဒေါသထွက်လာမိသည်။

"ငါမသွားချင်ဘူး"

"သခင် သိပ်ပြီးစိတ်အလိုမလိုက်ပါနဲ့လား!!!"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now