8.4(Z)

495 101 7
                                    


အဲဒီအချိန်ခဏလေးမှာပင် ချန်လီကောက ကြောက်လည်းကြောက်၊စိတ်လည်းလှုပ်ရှားပြီး
ပျော်လည်းပျော်နေခဲ့သည်။

"အမေရေ!!! ဒီရီဟွိုင်က စကားအရမ်းတတ်တာပဲ!!!ဒီကလူရဲ့ အသည်းနှလုံးကျောက်ကပ်တွေ
ပြုတ်ကျမတတ်ပဲ ဟီးဟီး"

system- ငါ့အသည်းနှလုံးကျောက်ကပ်လည်း ထွက်ကျတော့မလိုဘဲ စိတ်လှုပ်ရှားလို့တော့ မဟုတ်ဘူး မင်းကို သေအောင်ရိုက်သတ်ချင်လာလို့!!!

"ဒီရီဟွိုင်က အလားအလာရှိလိုက်တာ!!!ငါသင်ခဲ့တဲ့ လူဆိုးလူညစ်လေးက ငါ့ကိုချစ်မိသွားတယ်ဆိုတော့ ငါသင်တာတော်ခဲ့လို့နေမယ်"

systemကတော့ သူ့စကားတွေထပ်မကြားရအောင် ဘုရားစာတွေကို အသံနှုန်းဂိတ်ဆုံးထိ ရောက်အောင်ဖွင့်ထားလိုက်သည်။

ချန်လီကော စကားပြန်မပြောတော့ ရီဟွိုင်က စပြောလာခဲ့သည်။

"သခင်အရင်အနားယူလိုက်နော်၊အခန်းပြင်ပြီးသွားပြီ"

သူ့ကို တစ်ချက်လေးမှတောင် လှည့်မကြည့်ဘဲ ချန်လီကောက ထွက်လာခဲ့သည်။

သူ့အပြုအမူကြောင့် ရီဟွိုင်က အသနားခံသလို
ပြောလာသည်။

"သခင် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့လားဟင်"

ချန်လီကော အိပ်ခန်းထဲ ဝင်လိုက်တော့ အဝတ်အစားတွေအားလုံးကလည်း အဆင်သင့်ဖြစ်နေခဲ့သည်။

"ကျစ်...တကယ့်ကို တွေးပေးတတ်တာပဲ၊အောက်ခံတောင် ပြင်ထားသေးတယ်"

အတွင်းခံဘောင်းဘီရဲ့ sizeကြောင့် ချန်လီကော မျက်နှာနီရဲသွားသည်။

systemကတော့ သူဘာလို့ရှက်နေလဲဆိုတာ မေးကိုမမေးချင်တော့ပေ။ဒီအရူးကောင်က ရှက်ပြီး နှလုံးတွေထွက်ကျသွားရင်တောင် ငှက်ပျောသီးစားနေနိုင်သည့် ကောင်ဟုသာ တွေးလိုက်သောကြောင့် ဖြစ်သည်။

ရေချိုးခန်းထဲ ဝင်တော့ ချန်လီကောက စိတ်လှုပ်ရှားစွာနဲ့ ရေချိုးလိုက်သည်။ သူ့ရေချိုးဝတ်စုံကို ဝတ်ပြီး အပြင်ပြန်ထွက်လာတော့ သူ့အခန်းဝရံတာမှာ ရပ်နေတဲ့ ရီဟွိုင်ကို တွေ့လိုက်ရသည်။

"မင်းက ဘာလာလုပ်တာလဲ???"

"ကျွန်တော်သခင့်ကို ကြည့်ချင်လို့ပါ"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now