3.4(U)

2.4K 442 15
                                    

ချန်လီကော ဟိုတယ်အခန်းထဲရောက်သွားတော့
ထိုအကောင်ရဲ့ ဘောင်းဘီတစ်ဝက်က ကျွတ်နေ ခဲ့ပြီ။သူက သူ့သွားတွေကိုကြိတ်ရင်း ပြောလာသည်။

"မင်းငါ့သမီးကို ဘာတွေလုပ်လိုက်တာလဲ????"

ကောင်လေးက ကြောက်လွန်းပြီး ဘောင်းဘီတွေတောင်စိုစွတ်နေခဲ့ပြီ။သူက ငိုရင်း
ပြောလာသည်။

"ဦးလေး ဦးလေးသမီးကို ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး ဦးလေးသမီးကသာ ကျွန်တော့်ကို
ဖျားယောင်းပြီး သူနဲ့အိပ်ဖို့ပြောခဲ့တာပါ"

ချန်လီကောက လက်ကိုမြှောက်ပြီး သူ့ရှေ့က
မိုက်မဲတဲ့အကောင်ကို ထပ်ခါထပ်ခါရိုက်နေခဲ့သည်။

တကယ်တော့ ချန်လီကောက အိမ်ထောင်မပြုခင်
ကာမဆက်ဆံတာကို သဘောမတူတာတော့
မဟုတ်ပေမဲ့ သူ့ရှေ့က အကောင်က အရင်က
မိန်းကလေးတစ်ယောက်ကို ဗိုက်ကြီးစေခဲ့ပြီး
တာဝန်မယူခဲ့တာကို သူစုံစမ်းသိလာတာကြောင့်
ဖြစ်သည်။

"ကောင်းပြီလေ မင်းငါ့သမီးကို လုပ်ချင်မှတော့
မင်းကို ငါ့လူတွေကလည်း ရိုက်ရတော့မှာပေါ့"

သူက လက်ပြလိုက်တော့ သူ့လူတွေချက်ချင်းပဲဝင်လာပြီး ကောင်လေးကို ဆွဲထုတ်သွားတော့သည်။

ရှန်းယိုလင်က အခန်းထဲမှာ ငိုနေဆဲဖြစ်သည်။

ချန်လီကောက တံခါးနားမှာ ဆေးလိပ်သောက်ရင်း ရပ်လိုက်ပြီး အရင်ဆုံး သူမအဝတ်တွေ
ပြန်ဝတ်ဖို့ပြောလိုက်သည်။

ရှန်းယိုလင်က အတော်ကြာငိုနေပြီးတော့
ထွက်လာပြီး သူမပထမဆုံးပြောလိုက်သည့်
အရာက ချန်လီကောကို ဒေါသအကြီးအကျယ်
ထွက်စေသည်။

"အဖေဘာလုပ်လိုက်တာလဲ သမီးတို့က အချစ်စစ်အချစ်မှန်နဲ့ ချစ်ကြတာကို"

ချန်လီကောက ထိုးကိုက်နေတဲ့ခေါင်းကို ကိုင်လိုက်ရင်း ပြောလာသည်။

"ရှန်းယိုလင် နင်အဲဒီအကောင်က ဘယ်လိုလူမျိုးလဲဆိုတာ နင်သိသလား???"

"သိတာပေါ့ အထင်ကြီးစရာကောင်းတယ်လေ"

ချန်လီကောက ပထမဆုံးအကြိမ် အံ့သြသွားပြီး သူ့သမီးကို အလွန် စိတ်ပျက်သွားသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now