9.1(U)(တစ်နှစ်ပြီးတစ်နှစ်)

2.7K 391 16
                                    

"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး (9) "

ရှန်းယွီချန်က ရှန်းမိသားစုနဲ့ အရမ်းကြီးလည်း
မရင်းနှီးပေ။

သူ့ဖခင်ဆုံးပါးသွားတော့ ရှန်းမိသားစုကို
ရှန်းယွီချန် တစ်ယောက်တည်း ဦးစီးခဲ့ရသည်။
ဒီအရေးကြီးတဲ့အချိန်တုန်းက ဘယ်မိသားစုဝင်မှ
သူ့ကို မကူညီပေးချင်တဲ့အပြင် ရှန်းယွီချန်ကို
အမဲဖျက်ဖို့ပါ စဥ်းစားထားကြသေးသည်။
သို့သော်လည်း သူတို့မထင်ထားတာက ဆယ်ကျော်သက်ကောင်လေး ရှန်းယွီချန်သည်
အရာအားလုံးကို ဖြတ်ကျော်ပြီး
ရှင်သန်ခဲ့မယ်လို့.........

ရှန်းယောင်ကွမ်းဟာ အသက်၇၀ရှိပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းမာသန်စွမ်းတုန်းဖြစ်သဖြင့်
ကြည့်ကောင်းပြီး အသက်၆၀လို့ပဲ ထင်ကြမယ့်ပုံ ဖြစ်သည်။

ရှန်းယွီချန် အခန်းထဲဝင်လာတော့ သူက
လှိုက်လှိုက်လှဲလှဲ ပြုံးပြလာသည်။
အရင်က ရှန်းယွီချန်ကို လက်ခံဖို့
ငြင်းဆိုခဲ့သူသည် သူမဟုတ်သည့်အတိုင်းပင်....

ရှန်းယောင်ကွမ်းက ပြောလာသည်။

"ယွီချန်၊ မတွေ့ရတာကြာပြီနော်"

ဒီလိုအခြေအနေက ချန်လီကော အတွက် စိတ်ပျက်စရာကောင်းလှသည်။ သူက
ရှန်းမိသားစုနဲ့ မပတ်သက်ချင်ပေမယ့်
သူပြောမယ့် စကားများကို
နားထောင်ရပေဦးမည်။

ရှန်းယောင်ကွမ်းက အတင်းအကြပ်
ရယ်လိုက်ရင်း ပြောလာသည်။

"ယွီချန်၊ငါကြားတာ မင်းနေမကောင်းဘူးဆို
အခုရော ဘယ်လိုနေသေးလဲ???"

ချန်လီကောက ပြန်မဖြေခင် ရီဟွိုင်က သူ့အစား
ဖြေပေးလာသည်။

"သူပြန်ကောင်းသွားပြီ"

ရှန်းယောင်ကွမ်းက ပိုမိုရီပြလိုက်ရင်း.......

"ယွီချန်၊ ပြန်ကောင်းလာတော့ ကောင်းတာပေါ့၊
ငါဒီကိုလာတာ မင်းကို တောင်းဆိုစရာလေး
ရှိလို့ပါ၊ ရှောင်ဖုန်းက ဒီနှစ်ဆို တက္ကသိုလ်က
ဘွဲ့ရတော့မှာလေ"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now