7.1(U)(Sleeping illness)

2.5K 396 5
                                    

"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး (7)"

ရီဟွိုင် နိုးလာပြီးတဲ့နောက် သူ့အခြေအနေက ဆိုးဝါးလာခဲ့သည်။

သူက ချန်လီကောရဲ့အဝတ်တွေကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားပြီး ဘာဖြစ်ဖြစ် လွှတ်ပေးဖို့ အစီအစဥ်မရှိသောကြောင့် သူ့ကိုစစ်ဆေးမည့် ဆရာဝန်များ အခက်ကြုံရပေသည်။

ချန်လီကောက ဆရာဝန်ကို အကျိုးအကြောင်း မေးတော့သည်။

ဆရာဝန်က ကြောက်ရွံ့စွာနဲ့ ဖြေလာသည်။

"ကျွန်တော် ထင်တာတော့ အချိန်အကြာကြီး ဖျားရာကနေ သူ့ဦးနှောက်ပျက်ဆီးသွားးးး"

"သူ့ဦးနှောက် ပျက်ဆီးသွားတယ်???အရင်က ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေစစ်တုန်းကကြ ကောင်းပါတယ်လို့ ခင်ဗျား မပြောခဲ့ဘူးလား???"

"အဲ..အဲဒါက ဒီလိုအခြေအနေကို တွေ့ရတာ ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ် မိုလို့ပါ"

ချန်လီကောက အရင်arcမှာ ဆရာဝန်ဖြစ်ဖူးတော့ သူတို့ကို ခက်ခဲအောင် လုပ်တော့လည်း
မကောင်းဘူးဆိုတာ သူသိသည်။
သို့သော်လည်း ရီဟွိုင်က သူ့ကို "daddy"လို့သာ ဆက်ခေါ်နေတာကြောင့် သူ့မျက်နှာပေါ်မှာ စိုးရိမ်ရိပ်တွေ ပေါ်လာတော့သည်။

ကံကောင်းထောက်မစွာနဲ့ ဒီအခြေအနေက ကြာရှည်မခံလိုက်ပေ။စစ်ဆေးတာတွေ အားလုံး
ပြီးသွားတဲ့နောက် ရီဟွိုင်က အားကုန်စွာ အိပ်ပျော်သွားတော့သည်။သို့သော်လည်း ဒီတစ်ကြိမ်အိပ်ပျော်သွားတာက အဖျားကြေညက့်မဟုတ် တခြားလက္ခဏာတွေကြောင့် မဟုတ်တာကို သူ့ခန္ဓာကိုယ်က ပြသနေခဲ့သည်။

သူဖျားတာကနေ သူ့မျက်နှာရဲ့တစ်ချို့အစိတ်အပိုင်းတွေက သိသိသာသာ ချောင်ကျသွားသည်။

ချန်လီကောနဲ့ ရှန်းယိုလင်ဟာ ဆေးကုသဆောင်ထဲမှာ တည်ငြိမ်တဲ့မျက်နှာထားတွေနဲ့ ထိုင်နေကြပြီး ရှန်းယိုလင်က အရင်စပြောလာသည်။

"အဖေ အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့"

ချန်လီကောက သက်ပြင်းချရင်း ပြောလာသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now