8.1(U)(Sleeping illness ကုသပြီးခြင်း)

2.4K 382 7
                                    


"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး (8) "

ရှန်းယိုလင် ပြန်လာတာကို ချန်လီကော မသိခဲ့ပေ။

သူနိုးလာပြီး သူ့လက်ပတ်နာရီကိုကြည့်လိုက်တော့ နေ့လည်၂နာရီခွဲတောင် ရှိနေပြီဖြစ်သည်။

ချန်လီကောက systemကို မေးလာသည်။

"ငါဘယ်လောက်ကြာလောက် အိပ်ပျော်သွားတာလဲ???"

system- 12နာရီ 53မိနစ် 44စက္ကန့်

ချန်လီကောက အဝတ်အစားလဲရင်း ပျင်းရိစွာနဲ့ ပြောလာခဲ့သည်။

"အရင်ကမ္ဘာက မအိပ်ခဲ့ရတာတွေများ အတိုးချအိပ်ခဲ့သလားပဲ"

system- ငါ systemက နေ နောက်ဆုံးပေါ် ဆေးပညာဆောင်းပါးတစ်ခု ဒေါင်းလုပ်ဆွဲခဲ့တယ်။မင်းရဲ့လက္ခဏာတွေက အစပိုင်းလက္ခဏာတွေပဲ။ငါမင်းကို ပို့ပြီးပြီ ငါမှန်းတာ မှန်မမှန်ကြည့်ပေးဦး။

systemရဲ့အသံက သံလိုပဲ အေးစက်နေသည်။
သို့သော်လည်း ချန်လီကောက systemဒီစကားကိုပြောနေချိန်မှာ သူ့မျက်မှောင်တော့ကြုတ်ထားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

ချန်လီကောက ရယ်လျက်....

"မင်းအခု ငါ့ကိုဘယ်လိုဆက်ဆံရမလဲ သိပြီလား???"

system- မင်းအခု နောက်ကမ္ဘာတိုက်ရိုက်သွားလိုက်ရင်ရော ဘယ်လိုလဲ????

"ငါမသွားချင်သေးဘူးကွ၊ငါမြေးချီချင်သေးတယ်"

ထို့နောက် သူ ပျင်းရိစွာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

အောက်ထပ်ရောက်တော့ သုန်မှုန်နေတဲ့မျက်နှာနဲ့ ရှန်းယိုလင် ကို တွေ့ခဲ့ရသည်။ ချန်လီကောက အံ့သြသွားပြီး မေးလာသည်။

"ယိုလင် မင်းဘယ်တုန်းက ပြန်ရောက်တာလဲ???"

ရှန်းယိုလင်က သူမလက်ထဲက TV ရီမုတ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး ကြေကွဲစွာ ပြောလာသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now