6.2(U)

2.4K 389 4
                                    

ရှန်းယိုလင်မျက်နှာက အေးခဲသွားပြီး သူမက ရီဟွိုင်ကို မေးလာခဲ့သည်။

"အဖေဘာဖြစ်တာလဲ??? သူ့စိတ်က ဘာလို့ဒီလောက်တောင် ဆိုးဝါးနေရတာလဲ????"

ရီဟွိုင်က သက်ပြင်းချလာသည်။

"ဒီအချိန်ခဏလေးတော့ လိမ္မာပေးဦး၊သခင်က...စိတ်အခြေအနေ မကောင်းသေးလို့"

"နင်အဖေနဲ့ ကုမ္ပဏီကိုနေ့တိုင်း လိုက်နေတာ မဟုတ်ဘူးလား????"

"သူနင့်ကို အရမ်းသဘောကျတာကို အခုသူက စိတ်ဆိုးနေတယ်တဲ့လား????"

ရီဟွိုင်က စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ ဒီကိစ္စအကြောင်း ချန်လီကောရှေ့မှာ ဘာတစ်ခုမှ ထုတ်မပြောခဲ့ရင်တောင် အားလုံးခြုံငုံကြည့်လိုက်တော့ သူ့အပြစ်တွေသာဖြစ်သည်။အခုဆိုသူ့သခင်က ပြန်လာရင် သူ့ခန္ဓာကိုယ်ကို သူ တစ်နာရီလောက်ကြာအောင်ဆေးကြောနေခဲ့သည်။ဒါကိုမြင်တော့ သူ့ကိုယ်သူလည်း မုန်းတီးလာခဲ့သည်။သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ သခင့်ကို ထိခိုက်စေမိပြီ။တကယ်တော့ ရီဟွိုင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်စွမ်းက အလွန်တရာကို ကြီးမားသည်။သို့သော် ထိုနေ့က သူ့မသိစိတ်ကို ဘယ်မကောင်းဆိုးဝါးက ပိုင်ဆိုင်သွားမှန်း သူပင်မသိလိုက်ချေ။

ချန်လီကောက ရေချိုးခန်းထဲမှာ သန့်စင်ပြီးပြန်ထွက်လာတော့ spongebob ပြန်ကြည့်နေလိုက်သည်။

နေ့တိုင်း ဒီလိုရေချိုးမှုက ရှန်းယွီချန်ရဲ့ဇာတ်ကောင်အတိုင်း ကိုက်ညီသော်လည်း
ချန်လီကောအနေနဲ့ စိတ်ဖိစီးမှုများပေမဲ့ OOCဖြစ်မှာကြောက်လို့ ငြိမ်နေလိုက်ရသည်။

ချန်လီကောက ဆေးလိပ်တစ်လိပ်ကို စိမ်ပြေနပြေသောက်လျက် spongebob ကြည့်နေသည်။

systemရဲ့ စိတ်အခြေအနေလည်း တော်တော်ကောင်းလာလေပြီ။ သူတိတ်ဆိတ်နေခဲ့ရင်တောင်
ချန်လီကောက သူ့ရဲ့နားထဲမှာ systemရဲ့ ဘုရားစာကို အသံထွက်ဖတ်သံကို ကြားနေရသည်။

"ထုံအာ မင်းဘာမကောင်းဆိုးဝါး စာအုပ်တွေဖတ်နေတာလဲ မင်းအဆင်ပြေရဲ့လား????"

systemက စိတ်ထဲမှာ နှာချေနေလိုက်သည်။
ဖတ်တယ်????စာအုပ်မဖတ်တာကြာရောပေါ့
သူ့ရဲ့systemထိပ်ဆုံးပိုင်းမှာ ဗုဒ္ဓကျမ်းစာ အသံဖိုင် နောက်ဆုံးversionကို ဖွင့်ပြီး နားထောင်ရင်းကနေ ချန်လီကောရဲ့နားထဲကို ၂၄နာရီတစ်ရက်လောက် ပျံ့လွင့်နေသည်ကိုး..........။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now