* အခန်း ၁ * U

24.2K 1K 23
                                    

၁၉၉၇ ခုနှစ်
နွေဦးညများ လက်ဖက်ရည်ဆိုင်

ဥတုရာသီသည် ခါဝသန် မိုးရေစက်များကို ကမ္ဘာမြေပေါ်သို့ တဖွဲဖွဲ ကျဆင်းနေစေကာ ရန်ကုန်မြို့၏ ညနေခင်းသည် နေရောင်ပျောက်လို့ အုံ့မှိုင်းနေလေသည်။ ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဆိုသည့်အတိုင်း အနယ်နယ်အရပ်ရပ်မှ အလုပ်လုပ်ကိုင်ရန် လာရောက်သူများ၊ ပညာရှာမှီးရန် လာရောက်သူများဖြင့် လူဦးရေထူထပ် များပြားလှတာမို့ ဘတ်စ်ကားမှတ်တိုင်များတွင် လူသူပြတ်လပ်ခြင်း သိပ်မရှိ။ မှတ်တိုင်တွင် ဘတ်စ်ကားတစ်စီး ထိုးရပ်လာတာနှင့်တပြိုင်နက် လူအများသည် ဘတ်စ်ကားပေါ်ကို စုပြုံတိုးတက်သွားကြကာ ရသည့်နေရာမှ ရသလို လိုက်ပါသွားတတ်ကြသည်။

မှတ်တိုင်တွင် ဘတ်စ်ကား တစ်စီးပြီးတစ်စီး ထိုးရပ်လာတိုင်း ကားပေါ်ကို စုပြုံတိုးတက်သွားကြသည့် လူအုပ်ကြီးနှင့်ကွဲလွဲစွာ သီးသန့်ကမ္ဘာဖြစ်တည်နေတာကတော့ အရိပ်အာဝါသကောင်းလှသော ပိတောက်ပင်အိုကြီးအောက်တွင် အမိုးခပ်နိမ့်နိမ့် ဖွင့်ထားသော နွေဦးညများ လက်ဖက်ရည်ဆိုင်ထဲက လူများပင်။ လူကြီးလူငယ် အရွယ်သုံးပါးအစုံသည် ဆိုင်တွင် ခင်းကျင်းပေးထားသော သစ်သားစားပွဲပုများတွင် ခွေးခြေပုများဖြင့် ဝိုင်းဖွဲ့ထိုင်နေကြကာ ထွေရာလေးပါးသော စကားများကို စုဖွဲ့ပြောဆိုနေကြသည်။

နိုင်ငံရေးအကြောင်း၊ စီးပွားရေး၊ လူမှုရေးနှင့် အချစ်ရေးပါမကျန် သူ့ထက်ငါအပြိုင် စကားတွေ ဖောင်ဖွဲ့ ပြောဆိုနေကြသည့် ထိုသူတို့ရဲ့ စကားသံတွေကို လွှမ်းသွားနိုင်အောင် ဆိုင်ရှင်သည် ဒီခေတ်အခါမှာ လက်ဖက်ရည်ဆိုင် ထိုင်သည့် လူငယ်များအကြား ခေတ်စားလှသော သီချင်းတစ်ပုဒ်ကို ဆောင်းဘောက်စ်ဖြင့် ခပ်ကျယ်ကျယ်လေး ဖွင့်ထားပေးသည်။

သူငယ်ချင်းရေ ခြောက်နာရီတောင်
ထိုးပြီးပါပကောလေ လာကြဟေ့
လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေ ♪♪♪

ဆိုးတိုင်ပင် ကောင်းတိုင်ပင်
သူငယ်ချင်းများ တို့တတွေ
လောကကိုလေ ခေတ်နဲ့ချီကာ
ဒူးတိုက်ဆွေးနွေးမလေ ♪♪♪

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now