* အခန်း ၂၀ * U

5.4K 400 20
                                    

ကဒါရပ်ကွက်ထဲက မွန်ရိုးရာအတိုင်း ဆောက်လုပ်ထားသော ခြေတံရှည်အိမ်တစ်လုံး၏ အတွင်းခန်းထဲတွင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော ကောင်လေးသည် စာကြည့်စားပွဲမှာ ထိုင်နေကာ စားပွဲပေါ်မှာ တင်ထားတဲ့ မြေစုဘူးလေးကို အကြည့်ရောက်နေသည်။ ကောင်လေးသည် အခန်းအပြင်ဘက်က လူအရိပ်အခြည်ကို တစ်ချက်လှမ်းကြည့်ပြီးတာနဲ့ မြေစုဘူးကို ကောက်ကိုင်ကာ ခပ်ကြမ်းကြမ်းလေး ဆောင့်ခွဲချလိုက်သည်။

ခွမ်း!

မြေစုဘူးလေး ကွဲသွား‌သော အသံနှင့်အတူ စုဘူးထဲမှာ ပြည့်သိပ်စွာ ရှိနေသော တစ်ဆယ်တန်၊ နှစ်ဆယ်တန်စသော ငွေစက္ကူများလည်း စုဘူးထဲက ထွက်ကျလာသည်။ ကောင်လေးသည် ခေါက်ရိုးကျိုးနေသော ပိုက်ဆံတွေကို တစ်ရွက်ချင်း ပြန်ဖြန့်ထုတ်ပြီးတာနဲ့ ပိုက်ဆံအထပ်လိုက်ကို လွယ်အိတ်ထဲ ထိုးထည့်ကာ မြေစုဘူးအကွဲကို လူကြီးတွေမမြင်အောင် ဝှက်ထားလိုက်သည်။

"သားရေ ရာမည ကျောင်းသွားတော့မလို့လား"

"ဟုတ် အမေ၊ ကျွန်တော် အသင်းကျလို့ ကျောင်းကို စောစောသွားမလို့"

"အင်း၊ သွား သွား၊ စက်ဘီးဖြည်းဖြည်းနင်းဦး"

"ဟုတ်"

ရာမညသည် အမေ့ကို ပြန်အော်ပြောပြီးတာနဲ့ အိမ်အောက်ကို ပြေးဆင်းလာလိုက်သည်။ ရာမညတို့အိမ်က ခြေတံရှည်အိမ်မို့ အိမ်အောက်မှာပဲ စက်ဘီးတွေကို သော့ခတ်ထားကြသည်။ အဖေက ရုံးစာရေး၊ အမေက အထက်တန်းပြဆရာမမို့ အဖေနှင့်အမေမှာလည်း စက်ဘီးကိုယ်စီ ရှိကြသည်။ ရာမညလည်း ကိုယ့်စက်ဘီးကို သော့ဖြုတ်ပြီးတာနဲ့ ခြံထဲက နင်းထွက်လာလိုက်သည်။

တရုတ်တန်းရှေ့ကို အရောက်မှာ စက်ဘီးရပ်လိုက်သည်။ တရုတ်တန်းက ဈေးဆိုင်ခန်းတွေကို ငေးကာ အဝတ်ဆိုင်တွေကို လိုက်ကြည့်သည်။ မြင်လျှင်မြင်ချင်း ရာမညရဲ့အမြင်အာရုံကို ဖမ်းစားလိုက်တာက ဂျင်းဝမ်းဆက်ပဲ။ ရာမညသည် ဂျင်းဝမ်းဆက်ကို ဆွဲဖြုတ်ယူကာ လွမ်းနေဝေးကို မျက်လုံးထဲ မြင်ယောင်ပြီး ပခုံးနှင့်ခါးဆိုဒ် တော်မတော် မှန်းကြည့်ရသည်။

"ဂျင်းအင်္ကျီကို ကြိုက်လား ကလေး၊ အဲ့ဒါ မနေ့ကမှ ယိုးဒယားက ဝင်လာတဲ့ ဒီဇိုင်းအသစ်ပဲ"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now