* အခန်း ၃၁ * U

4.3K 327 13
                                    

အဘွားကြည်အေးတို့ခြံတွင် လူစည်ကားနေသည်။ မိုးသက်ငြိမ် ခေါ်ထားသော သူငယ်ချင်းများအဖွဲ့ကလည်း စားပွဲတစ်ဝိုင်းတည်း စုထိုင်ကာ စားသောက်ကြသည်။ ရပ်ကွက်သူ၊ ရပ်ကွက်သားများကလည်း စားပွဲဝိုင်းအသီးသီးမှာ စုထိုင်ကာ ရှောက်သီးသုပ်ကို စားသုံးရင်း ကြာဆံဟင်းခါးပူပူလေးကို မှုတ်သောက်နေကြသည်။

"နင် သိပြီးပြီလား ညိုမြ၊ အဘွားကြည်အေး မြေးက မနှစ်တုန်းက ဆယ်တန်းကျတာတဲ့၊ ဒီနှစ်မှ ဘာသာစုံဂုဏ်ထူးနဲ့ အောင်သွားတာ၊ ကံကြမ္မာများ အံ့သြစရာ ကောင်းလိုက်တာဟယ်၊ ဒီထက်ကောင်းတာ ဖြစ်လာမှာမို့ မနှစ်တုန်းက ဆယ်တန်းကျတာ ထင်တယ်"

"ငါထင်တာတော့ မနှစ်တုန်းက စာမေးပွဲမဖြေနိုင်လို့ ဆယ်တန်းကျတာ မဟုတ်လောက်ဘူး၊ ဂုဏ်ထူးမထွက်လို့ပဲ တစ်နှစ်အကျခံပြီး စာတွေ ခြစ်ချလိုက်တာထင်တယ်"

"အေးနော်၊ အဲ့ဒီလိုလည်း ဖြစ်နိုင်တာပဲ၊ အဲ့ဒါဆို အဘွားကြည်အေး မြေးက ဆရာဝန်ဖြစ်လာမှာပေါ့၊ မိုးသက်ငြိမ်က ရုပ်အချောတော်၊ ရန်ကုန်သားမို့လား မသိဘူး၊ ပြင်တတ်ဆင်တတ်တာလည်း လွန်ပါရော"

"အိုတော်၊ မိုးသက်ငြိမ်က ဘယ်လောက်ချောချော၊ ဘယ်လောက်ပဲ ဆရာဝန်လောင်း ဖြစ်ဖြစ်ပါ၊ မစားကောင်းတဲ့အသီးတဲ့ တော်ရေ၊ နင် အဲ့ဒီသတင်းကို မကြားမိဘူးလား၊ မိုးသက်ငြိမ်က ဒေါ်အေးမြရဲ့သားနဲ့ ဖြစ်နေတာ"

"ဟယ်! အဲ့ဒါဆို အခြောက်ပေါ့၊ အဲ့ဒီလိုကျ မထင်ရဘူးနော်၊ နှမြောလိုက်တာဟယ်၊ သူ့မိဘတွေတော့ ရင်ကျိုးရချည်ရဲ့"

"သူ့မိဘတွေ ရင်ကျိုးမကျိုးတော့ မသိဘူး၊ အဘွားနဲ့ အဒေါ်ကတော့ ကြည်ဖြူနေကြတာပဲ၊ အဲ့ဒါကြောင့် ဒေါ်အေးမြ သားက သူ့အိမ်လိုပဲ ဝင်ထွက်သွားလာနေတာ"

"ဟုတ်လား၊ ရှူး! တိုးတိုးပြော! ဟိုမှာ အဘွားကြည်အေးမြေးက ဟင်းလိုက်ချိုင့်ဆွဲပြီး ဒီဘက်ကို လာနေတယ်၊ သူ့အတင်းပြောနေတာကို ကြားသွားဦးမယ်၊ တော်တော့ တော်တော့"

ထင်လင်းငြိမ်သည် အိမ်ရှေ့မြေကွက်လပ်မှာ ရောက်ရှိနေကြတဲ့ လူတစ်စုကို ကြည့်နေသည်။ မိန်းကလေးနှစ်ယောက်က စားပွဲဝိုင်းတစ်နေရာကနေ ကိုယ့်သားကိုလှမ်းကြည့်ကာ အတင်းပြောကြသည်။ ကိုယ့်သားကို မကောင်းပြောနေတာကို အဖေဖြစ်သူက ကျေနပ်ပါ့မလား။ နှမြောလိုက်တာ၊ သူ့မိဘတွေတော့ ရင်ကျိုးရချည်ရဲ့တဲ့။ တကယ်တမ်းလည်း ထင်လင်းငြိမ်ဟာ ကိုယ့်သားကို နှမြောတသနဲ့ ရင်ကျိုးရတာ။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now