ကျေးဇူးတင်လွှာနှင့် စာဖတ်သူ၏ အမြင် [U]

2.8K 210 42
                                    

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် ဝတ္ထုကို [24-2-2022 မှ 29-5-2022] အထိ သုံးလတာမျှ ရေးသားခဲ့ပြီး ဇာတ်သိမ်းနိုင်ခဲ့ပါပြီ။ ကျောင်းသားဇာတ်လမ်းဖြစ်တာမို့ စာလေ့လာကြတဲ့ အခန်းတွေမှာ သရုပ်ပီပြင်အောင် သင်ရိုးဟောင်းကို ရှာဖွေရေးသားခဲ့ပါတယ်။ သုံးခဲ့တဲ့သီချင်းတွေကအစ အဲ့ဒီခုနှစ်တွေမှာရှိခဲ့တဲ့ သီချင်းတွေသာ ပြန်သုံးထားပါတယ်။ ဒွေးဆိုတဲ့နာမည်ကို သုံးခဲ့တဲ့အတွက် အဲ့ဒီခုနှစ်မှာ ဒွေးက ရုပ်ရှင်လောကမှာ ရောက်နေပြီလားဆိုတဲ့ အချက်ကအစ ရှာဖွေခဲ့ရပါတယ်။

ဒီဇာတ်လမ်းကိုဖတ်ရင် မရောက်ဖူးသေးတဲ့ နယ်မြို့လေးကို တကယ်ရောက်ဖူးချင်တာ၊ တကယ်ရောက်သွားသလို ခံစားရရင် စာရေးသူအနေနဲ့ ကျေနပ်နိုင်ပါပြီ။ စာဖတ်သူတို့ရဲ့အနီးဝန်းကျင်မှာ အဖြူအစိမ်း ကျောင်းဝတ်စုံကို ဝတ်ဆင်ပြီး စက်ဘီးစီးသွားကြတဲ့ ကျောင်းသားတွေကိုမြင်တိုင်း၊ မီးရထား ဘူတာရုံကို မြင်တိုင်း၊ စကြာပန်းဖြူဖြူတွေ ပွင့်နေတာကို မြင်တိုင်းမှာ မိုးသက်ငြိမ်နှင့် လွမ်းနေဝေးကို အမှတ်ရကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒီဇာတ်လမ်းကို အစမှအဆုံးအထိ လိုက်ပါစီးမျောပြီး ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးချင်းစီကို စာရေးသူမှ အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

စာဖတ်သူအမြင် ကဏ္ဍအနေဖြင့် ဝတ္ထုဖတ်ပြီးချိန်မှာ ရင်ထဲ ခံစားရတဲ့ ခံစားချက်တွေ၊ စာဖတ်သူအမြင်လေးကို မှတ်တမ်းထားချင်တာမို့ comment box မှာ ရေးသွားပေးကြဖို့နဲ့၊ ဒီဇာတ်လမ်းလေးကို ဖတ်ပြီးချိန်မှာ စာဖတ်သူတို့၏ ရင်ထဲကို ရောက်ခဲ့တယ်ဆိုရင်တော့ ပြန်ညွှန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စာဖတ်သူအားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါတယ်။

Smile Apple
29-5-2022

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now