* အခန်း ၂၈ * U

4.5K 299 4
                                    

ဟေမန်ကာလ ဆောင်းလရာသီ။ ဒီအချိန်ကာလကိုရောက်လျှင် ဒီအရပ်ဒေသတွင် ရာသီလေဖြစ်သော အရှေ့တောင်လေတို့ မြူးထူးဝင်ရောက် တိုက်ခတ်လာတတ်ကြသည်။ ဒူးရင်း၊ မင်းဂွတ်ပင်တို့မှာ အဖူးအပွင့် စတင်ချိန်လည်း ဖြစ်တာမို့ မင်းဂွတ်ပွင့် နီနီရဲရဲလေးတွေသည် ပင်ယံထက်မှ ကြွေကျတတ်ကြသလို လှပလွန်းသော ဒူးရင်းပန်း ဝါဝါလေးတွေဟာလည်း အပင်ပတ်လည်မှာ ပြန့်ကျဲပုံခံနေအောင် ကြွေကျတတ်ကြသည်။

"မောင်ကျော်ရင်ရေ ခြံထဲမှာ မီးလှုံလို့ ရပြီလားဟေ့"

"ရပြီ အမေ၊ ခြံထဲ ဆင်းလာလို့ ရပြီ"

ဦးကျော်ရင်သည် သစ်ရွက်ခြောက်အကြွေတွေကို အုန်းလက်တံမြက်စည်းဖြင့် လှည်း၍ တစ်နေရာမှာ စုပုံထားသည်။ အဘွားကြည်အေးသည် အနွေးထည်နှင့်ခြေအိတ်ကို ဝတ်ဆင်ထားသည့်အပြင် မုဒုံစောင်ကိုပါ ပတ်ခြုံပြီးမှ အိမ်ပေါ်က ဆင်းသည်။ အဘွားကြည်‌အေးနှင့်အတူ ဒေါ်နုနုငယ်တို့သားအမိပါ လိုက်လာကြသည်။ အခုဆို မိသားစုလေးယောက်သည် မီးပုံဘေးတွင် ဝိုင်းပတ်ထိုင်ကာ မီးလှုံနေကြသည်။ မိုးသက်ငြိမ်ကတော့ မုဒုံစောင်ကို ခန္ဓာကိုယ်မှာ ပတ်ခြုံထားကာ စာကြည့်စားပွဲမှာ မြဲနေအောင်ထိုင်ပြီး စာကျက်နေသည်။

"အဘွားတို့ မီးလှုံနေကြတာလား"

"အေး နေဝေးရေ.. မီးလာလှုံပါလား"

"မလှုံတော့ဘူး အဘွား၊ ပန်းခူးပြီးရင် အိမ်ပြန်မလို့"

"အေး.. အဲ့ဒါဆိုလည်း ခူး ခူး"

"ဟုတ်ကဲ့ အဘွား"

နေဝေးသည် စကြာပန်းတွေကို စိတ်မှတ်ဖြင့် ခူးရင်း မျက်နှာကိုပြုံးကာ အိမ်ကြီးပေါ်က လွင့်ပျံလာသော စာကျက်သံကိုလည်း နားစွင့်နေမိသည်။ အရင်ဆိုရင် ပန်းလာခူးတိုင်း မိုးသက်ငြိမ်လုပ်ပေး​‌သော ဖက်ခွက်ထဲကို စကြာပန်းတွေကို ခူးထည့်ခွင့်ရခဲ့သည်။ အခုနောက်ပိုင်း ပန်းတွေထည့်ဖို့ ဖက်ခွက်ကို ရတစ်လှည့်၊ မရတစ်လှည့်နဲ့ပဲ ဖြစ်နေတာမို့ နေဝေးက ပန်းလာခူးတိုင်း ကျွတ်ကျွတ်အိတ်တစ်လုံးကိုပါ ယူဆောင်လာရသည်။

ဒီမနက်လည်း ပန်းတွေထည့်ဖို့ ဖက်ခွက်လေးကို မိုးသက်ငြိမ်က လာမပေးပါ။ ဖက်ခွက်လေးတွေ လုပ်ပေးတတ်တဲ့ အဲ့ဒီလူဟာ သူ့တာဝန်တွေကို လစ်ဟင်းတဲ့အထိ စာကို အပတ်တကုတ်ကြိုးစားနေသည်။ သူ့ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကြောင့် စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်မို့ မိုးသက်ငြိမ်ဟာ ပိန်ကျသွားတဲ့အထိ ခန္ဓာကိုယ် ပိန်ချုံးသွားသည်။ နေဝေးက အရင်ဆိုရင် စကြာပန်း ခူးတိုင်းမှာ ၄၁ ပွင့်ပဲ ခူးလေ့ရှိသည်။ အခုဆိုရင် နောက်ထပ် ၁၈ ပွင့်ပါ တိုးခူးနေရပြီ။ ချစ်ရသူတစ်ယောက် လိုအင်ဆန္ဒပြည့်ဝစေဖို့ သူ့အတွက် ရည်စူးပြီး စကြာပန်း ၁၈ ပွင့်ကိုပါ ဘုရားမှာ ကပ်လှူပေးဖြစ်သည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]जहाँ कहानियाँ रहती हैं। अभी खोजें