* အခန်း ၇ * U

6.1K 527 41
                                    

လွမ်းနေဝေးသည် ညဘက်မှာ ဗီဒီယိုရုံမှာ ဈေးထိုင်ရောင်းနေရင်းနဲ့ ဓာတ်မီးတိုင်က မီးအလင်းရောင်ကို အားပြုပြီး ကျောင်းစာဖတ်တဲ့အလုပ်ကိုပါ ပူးတွဲလုပ်ဖြစ်သည်။ စာအော်ကျက်ရတာ မကြိုက်သူမို့ စာကို နားလည်သဘောပေါက်အောင်သာ ဖတ်ဖြစ်သည်။ စာဖတ်ရင်လည်း အသံမထွက်စေရဘဲ စိတ်ထဲကသာ ဖတ်မှတ်တတ်သည်။

"ဟာ! မိုးဖွားလေးတွေ ကျလာပြီ၊ ဒုက္ခပါပဲ"

မိုးပေါက်တွေ ပြိုကျလာနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ကာ နေဝေးသည် စိတ်ပျက်ပျက်နဲ့ ညည်း တွားလိုက်သည်။ မိုးရာသီကို နေဝေး မုန်းသည်။ မိုးရာသီက ကိုယ့်ကို တော်တော်ဒုက္ခပေးတာ။ နေဝေးက ဈေးရောင်းနေတာဆိုပေမယ့် သူများတွေလို ဆိုင်ခန်းနဲ့ ရောင်းနိုင်တာလည်း မဟုတ်ဘူး။ လမ်းဘေးမှာပဲ သစ်သားခုံကိုချပြီး အဲ့ဒီပေါ်မှာ ဈေးဗန်းတင်ရောင်းတာ။ ရောင်းတဲ့ပစ္စည်းကလည်း သူများဆီက တစ်ဆင့်ပြန်ယူရောင်းရတဲ့ အကြော်စုံဆိုတော့ မိုးထိတာနဲ့ အကြော်တွေက အေးစက်ပြီး ပျော့ကုန်ပါရောလား။

နေဝေးသည် အလျင်အမြန်ပဲ ဖတ်လက်စ စာအုပ်ကို လွယ်အိတ်ထဲ ထိုးထည့်ကာ ဈေးဗန်းကို ကောက်မပြီး ဗီဒီယိုရုံကိုပြေးရသည်။ ဗီဒီယိုရုံရဲ့ရှေ့မျက်နှာစာ က လူတစ်ကိုယ်စာ မိုးခိုလို့ရတဲ့အမိုးအောက်မှာ ဝင်ရပ်ပြီး တဖြိုင်ဖြိုင်ရွာနေသော မိုးရေစက်တွေကို စိတ်နာနာနဲ့ ငေးကြည့်နေမိသည်။ ဗန်းထဲမှာ အကြော်တွေ ကျန်‌နေသေးသည်။ မိုးငွေ့ ရိုက်ကုန်လို့ အကြော်တွေက ပျော့နေပြီ။ အကြော်တွေသာ မရောင်းရတော့ရင် နေဝေးက အရှုံးပေါ်ပြီ။

"တူပါတယ်လို့ ကြည့်နေတာ၊ ဈေးဗန်းကို ပွေ့ထားလို့ မင်းလို့ မထင်မိတာ"

နားထဲမှာ ကြားဖူးနားဝရှိတဲ့ အသံမျိုးမို့ ဗီဒီယိုရုံထဲက ထွက်လာတဲ့လူကို နေဝေး ကြည့်လိုက်သည်။ ဗီဒီယိုတစ်ကား ပြပြီးသွားတာမို့ တစ်ကားစာပဲ လက်မှတ်ဝယ်ထားတဲ့လူတွေက ရုံထဲကနေ တိုးထွက်လာကြသည်။ အဲ့ဒီလူတွေထဲကမှ နေဝေးနဲ့ အကြောမတည့်တဲ့ လူတစ်ယောက်ကတော့ နှုတ်ခမ်းကို တွန့်ကွေးကာ လူကို မဲ့ပြုံးကြည့်ပြီး နေဝေးကို စကားပြောလာသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Où les histoires vivent. Découvrez maintenant