* အခန်း ၂၆ * U

4.2K 332 14
                                    

သီတင်းကျွတ် ကျောင်းပိတ်ရက်တွေ ကုန်ဆုံးပြီးတဲ့နောက်တစ်ရက်မှာ သက်ငြိမ်တို့ ကျောင်းပြန်တက်ရပြီ။ အခုဆိုရင် ကျောင်းသွားကျောင်းပြန်တိုင်း သက်ငြိမ်ထမ်းဆောင်ရတဲ့ တာဝန်တစ်ရပ် ရှိလာသည်။ အဲ့ဒါက လွမ်းနေဝေးကို သူ့အိမ်မှာ ဝင်ခေါ်၊ သူ့အိမ်ကို ပြန်ပို့နဲ့ လုပ်ပေးခြင်းပင်။ အခုဆို ရာမညက လွမ်းနေဝေးကို မကပ်တော့တာမို့ သက်ငြိမ် စိတ်သက်သာရာလေး ရနေသည်။ ရာမညကလည်း မင်းသွေးငယ်နဲ့ပဲ တစ်တွဲတွဲ သွားနေတော့တာမို့ သက်ငြိမ်နှင့် လွမ်းနေဝေးကလည်း အလိုလိုနေရင်း တစ်တွဲတွဲဖြစ်သွားကြသည်။

"မည အခန်းပေါက်ဝကို လှမ်းကြည့်လိုက်ဦး"

"ဪ..ငယ်ငယ်ပါလား၊ ဟိုလေ..ဝေး.. ငါ ငယ်ငယ့်ကို ခဏ သွားတွေ့လိုက်ဦးမယ်"

"အရင်ကတော့ မင်းသွေးငယ်ကို မကြိုက်ဘူးဆို၊ အခုတော့ ဘယ်လိုဖြစ်တာလဲ မည"

"မင်းမသိပါဘူး၊ ငယ်ငယ်က ရည်းစားလိုက်တဲ့ နေရာမှာ တအားတော်တာ"

"အဲ့ဒါနဲ့ပဲ ငယ်ငယ့်ကို ပြန်ချစ်သွားတယ်ပေါ့"

"ငါပြောတယ်လေ၊ သူ တအား တော်တယ်လို့၊ ငါလည်း ကြာတော့ တောင့်မခံနိုင်တော့တာ၊ ပြီးတော့ ငယ်ငယ်က ငါ့ကို အရမ်းချစ်တာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကဲ သွား သွား၊ ဟိုမှာ မင်းသွေးငယ်က ရေတစ်တန် ကုန်းတစ်တန် ဖြတ်လာရလို့ မင်းကို တအားတွေ့ချင်တဲ့ရုပ် လုပ်ပြနေတယ်"

"သီတင်းကျွတ် ပိတ်ရက်တွေတုန်းက အိမ်မှာ အမေ မလစ်တာနဲ့ သူနဲ့ငါ ချိန်းမတွေ့ဖြစ်တာ၊ အဲ့ဒါကြောင့် ငယ်ငယ်ကို သွားတွေ့လိုက်ဦးမယ်"

"သွားတွေ့၊ အခန်းထဲ ပြန်ဝင်လာဖို့လည်း မမေ့နဲ့"

"အင်းပါ ဝေးရဲ့"

သိပ္ပံဘာသာရပ်မှာတော့ နေဝေးက အလင်းယိုင်တဲ့အကြောင်းကို သင်ခဲ့ရဖူးသည်။ နေဝေးရဲ့ မျက်စိရှေ့တင် ရာမညက အချစ်ယိုင်ခြင်းကိုပါ သင်ပြသွားသည်။ အရင်တုန်းကတော့ နေဝေးကို အရမ်းချစ်တယ်ဆို‌သော ရာမညဟာ အချိန်သုံးလအကြာမှာ သူ့ရင်ထဲမှာ အရမ်းချစ်ရသော ကောင်လေးဟာ သူ့ကိုလည်း အရမ်းချစ်တတ်သော မင်းသွေးငယ် ဖြစ်သွားရသည်။ ရာမညက အရင်ဆိုလည်း နေဝေးနဲ့ ပတ်သက်ပြီး လူပြောခံရတာဆိုတော့ အခုတော့ လူပြောင်းပြီး အပြောခံရသည်။ လွမ်းနေဝေးမဟုတ်တော့ဘဲ မင်းသွေးငယ်နှင့် စောင်းမြောင်းပြောဆိုခံရသည်။ ဒါပေမယ့် မင်းသွေးငယ်ဟာ အတန်းရှေ့ကို ရဲရဲဝံ့ဝံ့ ရောက်ချလာကာ ရာမညကို အတန်းထဲက ခေါ်ထုတ်သွားတတ်သည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now