* အခန်း ၁၅ * U

5.7K 478 8
                                    

ညနေကျောင်းဆင်း ခေါင်းလောင်းထိုးသံကြားတာနဲ့ ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် စာသင်ခန်းထဲမှ အလျှိုအလျှို ထွက်သွားကြသည်။ နေဝေးလည်း ကျောင်းလွယ်အိတ်ကို စာရေးခုံထဲမှ ဆွဲထုတ်ယူကာ စာသင်ခန်းထဲမှ ထွက်ဖို့ပြင်သည်။ ဒါပေမဲ့ ဘေးနားမှာ ရှိနေတဲ့ ရာမညက နေဝေးရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်လို့ နေဝေးလည်း အတန်းထဲက မထွက်ဖြစ်သေးဘဲ ရာမညကို လှည့်ကြည့်လိုက်သည်။

"ဝေး ခဏနေပါဦး၊ ငါ ပြန်လိုက်ပို့ပေးမယ်၊ မင်းကို မေးစရာလည်း ရှိလို့၊ စက်ဘီးနင်းရင်းနဲ့မှ မေးမယ်"

"အင်း၊ အဲ့ဒါဆို သွားကြမယ်လေ မည"

ရာမညသည် လွယ်အိတ်ကို ကောက်လွယ်ကာ လွမ်းနေဝေးနှင့်အတူ စာသင်ခန်းမှ အတူထွက်လာသည်။ ကျောင်းလမ်းမကြီးရဲ့ဘေးတစ်ဖက်ခြမ်းက စက်ဘီးရပ်ခဲ့တဲ့နေရာမှာ ကိုယ့်စက်ဘီးကို သွားယူကာ လွမ်းနေဝေးကို စက်ဘီးပေါ် တင်နင်းပြီး အိမ်ပြန်လိုက်ပို့ပေးဖြစ်သည်။

"ဟိုလေ.. ငါမေးစရာရှိလို့ ဝေး၊ မင်း နေ့လယ်က ကျောင်းနောက်ကျတဲ့ကိစ္စလေ၊ ကိုမိုးသက်ငြိမ်နဲ့အတူ အတန်းထဲပြန်ဝင်လာတာဆိုတော့ မင်းတို့နှစ်ယောက် ဘယ်က ပြန်လာကြတာလဲ"

"ဪ..အဲ့ဒါက ကျောင်းနောက်ကျတာချင်း တူသွားတာ၊ တခြားကိစ္စ မရှိဘူး မည"

"တကယ်လား ဝေး၊ မင်း ရိုက်ခံထိတဲ့နေ့ကလည်း သူနဲ့အတူ အတန်းထဲ ဝင်လာကြတာကရော"

"အဲ့ဒါလည်း တိုက်ဆိုင်တာပဲ ဖြစ်မှာပေါ့"

"ဟုတ်လား ဝေး၊ ငါအရမ်း စိတ်ပူတာပဲ၊ သူ့ကြည့်ရတာ ကျောင်းကိုရောက်ခါစနဲ့ မတူဘူး၊ သူ့ပုံစံက မူမမှန်ဘူးကွာ၊ အဲ့ဒါကို ငါသိနေတယ်၊ သူ့ကိုကြည့်တာနဲ့ ငါမှန်းဆတတ်တယ်"

"မည.. မင်း ဘာတွေလျှောက်တွေးနေတာလဲ"

"သူက နောက်မှရောက်လာတဲ့ နောက်လူလေကွာ၊ သူက မင်းကို ငါ့ရင်ခွင်ထဲက ဆွဲထုတ်သွားမှာ စိုးလို့၊ ငါ အဲ့ဒါကို အကြောက်ဆုံးပဲ ဝေး"

"မည.. ငါမင်းကို သူငယ်ချင်းလိုပဲ သဘောထားတာနော်၊ မင်း အတွေးမလွန်ရင် ကောင်းမယ်"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now