* အခန်း ၂၉ * U

4.4K 330 4
                                    

အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာတာမို့ မနက်ဖြန်မှစ၍ အခြေခံပညာ အထက်တန်းစာမေးပွဲကို မိုးသက်ငြိမ်တို့ စဖြေကြရမည်။ သက်ငြိမ်သည် လပေါင်းများစွာ စာကို အပတ်တကုတ် ကြိုးစားခဲ့တဲ့အတွက် အခုချိန်မှာ ယုံကြည်မှုအပြည့်၊ အားမာန်အပြည့်ဖြစ်နေပြီ။ အဲ့ဒီလိုဖြစ်နေအောင် တွန်းအားဖြစ်စေခဲ့‌သော ချစ်သူကို သက်ငြိမ်မှာ တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်ရသည်။

သက်ငြိမ်သည် လွမ်းနေဝေးကို မြင်ယောင်ရင်း စားပွဲပေါ်တင်ထား‌သော နာရီဘူးလေးကို လှမ်းယူလိုက်သည်။ သျှားရောင်လက်ပတ်ကြိုးနှင့် နာရီတစ်လုံး။ ဒိုင်ခွက်အောက်ဘက်မှာ I love you more with every second of everyday. ဆိုတဲ့ အင်္ဂလိပ်စာသားနှင့်အတူ M.T.N ဆိုတဲ့ နာမည်အတိုကောက် စာလုံးတွေကိုပါ ရေးထွင်းထားသည်။

"အဘွားရေ ဝေး​တို့အိမ် ခဏသွားလိုက်ဦးမယ်"

"မြေးရေ နေဝေးကို မနက်ဖြန် စာမေးပွဲသွားမဖြေခင် အဘွားဆီကို ဝင်လာဦးလို့ အဘွားက မှာတယ်လို့ ပြောလိုက်ဦး"

"ဟုတ်ကဲ့ အဘွား"

စာမေးပွဲ သွားမဖြေခင် အဘွားက သူ့ဆီဝင်လာဖို့ လွမ်းနေဝေးကို အခေါ်လွှတ်သည်။ သက်ငြိမ်သည် နာရီဘူးကိုကိုင်ကာ လွမ်းနေဝေးတို့ခြံကို ထွက်လာလိုက်သည်။ လွမ်းနေဝေးတို့ အိမ်ပေါ်ကို သက်ငြိမ်တက်လာချိန်မှာ ဒေါ်အေးမြလည်း အိမ်မှာရှိသည်။ ဒေါ်အေးမြလည်း သူ့သားနှင့် သက်ငြိမ်ရဲ့ပတ်သက်မှုကို သိနေပြီ။ ဒါပေမဲ့ ဒေါ်အေးမြက ဖေဖေ့လိုတော့ ခါးခါးသီးသီးနဲ့ သက်ငြိမ်တို့ကို တားမြစ်ပိတ်ပင်တာမျိုး မလုပ်ခဲ့ဖူးပါ။

"အဒေါ်.. ကျွန်တော် ဝေးဆီ လာတာ"

"ဪ..အေး အေး သား၊ အခန်းထဲ ဝင်သွားလိုက်လေ၊ နေဝေးက သူ့အခန်းမှာပဲ စာလုပ်နေတာ"

"ဟုတ်ကဲ့ အဒေါ်၊ အဲ့ဒါဆို ကျွန်တော် ဝေးကို သွားတွေ့လိုက်ဦးမယ်နော်"

"အေး အေး"

ယောက္ခမလောင်း၏ ခွင့်ပြုချက်ဖြင့် သူ့သားအခန်းကို ဝင်ခွင့်ရသည်။ သက်ငြိမ်သည် မခို့တရို့ပြုံးကာ ခြေသံလုံလုံလျှောက်ပြီး ကောင်လေးရဲ့နောက်ကျောဘက်ကို ချဥ်းကပ်သွားလိုက်သည်။ စားပွဲပုလေးမှာထိုင်ပြီး စာကို အာရုံစိုက်နေ‌သော ကောင်လေးက သူ့အခန်းထဲကို သက်ငြိမ် ဝင်လာတာကို သတိပြုမိပုံမရ။ သက်ငြိမ်သည် ကြမ်းပြင်ပေါ် ထိုင်ချကာ ကောင်လေးကို အနောက်ကနေ ခါးဖက်ပြီး သူ့ပခုံးလေးပေါ် မေးတင်ထားလိုက်သည်။ အဲ့ဒီတော့မှ စာလုပ်နေတဲ့ ကောင်လေးက သက်ငြိမ်ကို သတိပြုမိသွားသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now