* အခန်း ၃၅ * U [Final]

14.3K 583 46
                                    

မနက်ခင်း အစောမှာပင် နေဝေး အိပ်ရာနိုးလာသည်။ မျက်လုံးဖွင့်ကာ ခေါင်းလေး စောင်းငဲ့ကြည့်တဲ့အခါ နေဝေးဘေးမှာ အစ်ကို ရှိမနေတော့ပါ။ နေဝေး မနိုးခင်မှာ အစ်ကို ထွက်သွားပုံရသည်။ ကုတင်ဘေးက စားပွဲပေါ်မှာ လက်ပတ်နာရီလေးကို တင်သွားသည်။ အစ်ကိုက နေဝေး အိပ်ရာနိုးတဲ့အထိ မစောင့်ပေးဘဲ ဘာကြောင့် ထွက်သွားတာလဲဆိုတာ နေဝေး နားမလည်နိုင်ခဲ့ပါ။ အစ်ကိုသည် နေဝေးကို ဘယ်လိုများ သဘောထားသွားတာလဲ။

မျှော်မှန်းထားသလိုမဟုတ်တာမို့ နေဝေးရဲ့မျက်နှာက နွမ်းဖျော့သွားရသည်။ စောင်ကိုသာ ခပ်တင်းတင်း ဆွဲခြုံကာ ပါးပြင်အထက် မျက်ရည်တွေလည်း စီးကျလာရသည်။ အစ်ကို နေဝေးကို နာကျည်းနေတုန်းလား။ လက်ပတ်နာရီလေးကို အစ်ကို ပြန်ထားသွားခဲ့သည်။ နေဝေးက သူ့အလိုကျ ညတစ်ညကို ကုန်ဆုံးပေးခဲ့တာမို့ ဒီနာရီနဲ့ပဲ အဖိုးအခ ပြန်ပေးခဲ့တာလား။ နေဝေး တွေးသည်။ တွေးရင်းတွေးရင်း အစ်ကို့ကို နားမလည်နိုင်တော့ပါ။

"အစ်ကို အရမ်းလွန်တယ်၊ အစ်ကို့ကို မုန်းချင်တယ်၊ အစ်ကို့ကို မုန်းလိုက်ချင်တယ်.. အီးဟီး"

နေဝေးသည် ဒီတစ်ကြိမ်မှာလည်း အစ်ကို့ကြောင့်ပင် ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ နေဝေး နားမလည်နိုင်ပါ။ ညတုန်းက နေဝေးဆီရောက်လာတာမို့ အစ်ကိုက နေဝေးကို ချစ်နေတုန်းပဲလို့ ထင်ခဲ့မိသည်။ အခုတော့ အစ်ကိုက နေဝေးကို ဘယ်လို သဘောထားခဲ့တာလဲ။ သူ့အဖေရဲ့စကားလို နေဝေးကို အလွယ်ကောင်ဆိုပြီး သတ်မှတ်သွားတာလား။ နေဝေးသည် အံကြိတ်ကာ မျက်ရည်ကို ပြောင်စင်အောင် သုတ်ပစ်လိုက်သည်။ ကိုယ့်ကိုပြန်ပေးသွား​တဲ့ လက်ပတ်နာရီလေးကို စားပွဲအံဆွဲထဲ ပစ်ထည့်ပြီး ချောင်ထိုးပေးလိုက်သည်။ အစ်ကို့ကို နေဝေးက ပြန်ပြီး စိတ်နာမိတဲ့အချိန်မှာ ဒီလိုလုပ်ခွင့်တော့ ရှိတယ်မဟုတ်လား။

"ဟယ်လို! ဟုတ်.. ရာမညပါ"

"အင်း အင်း.. အခု ထွက်လာပေးမယ်၊ သူ့ကိုသေချာကြည့်ထားပေး၊ ဘယ်သူ့ဆီမှ ပါမသွားစေနဲ့"

ည ၈ နာရီလောက်မှာ ဖုန်းနံပါတ်အစိမ်းတစ်လုံး ဝင်လာသည်။ လွမ်းနေဝေးကို လာခေါ်ဆိုပြီး ဖုန်းဆက်တာမို့ ရာမညလည်း ဒီနေရာကို ရောက်လာရသည်။ ဝေးက အရက်ဆိုင်ကို ရောက်နေတာ။ ဝေးသည် ဒီလိုနေရာကို သွားလေ့မရှိတာ။ ရာမညက အရက်ဆိုင်ထဲ ပြေးဝင်သွားချိန်မှာ ဝေးဟာ ဆရာဝန်ဂုဏ်ပုဒ်နဲ့ မလိုက်အောင် စားပွဲပေါ်မှာ ခေါင်းမှောက်ကျနေသည်။စားပွဲပေါ်မှာ လိမ့်နေ‌သော အရက်တစ်ပုလင်းကို မြင်ရသည်။ ဝေးမှာ ဘာပြဿနာရှိနေပြီလဲ။ ရာမညသည် ဝေးကိုနှိုးရအောင် ပခုံးကို ဆုပ်ကိုင်လိုက်သည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now