* အခန်း ၂၁ * U

5.3K 406 7
                                    

ညနေကျောင်းဆင်းချိန်မှာ ရာမညက ဝေးနှင့်အတူ အတန်းထဲက ထွက်လာဖြစ်သည်။ စက်ဘီး Stand ကအထွက်မှာ မင်းသွေးငယ်ကလည်း ရာမညဆီကို တန်းတန်းမတ်မတ် လျှောက်လာနေတာကို မြင်ရတာမို့ ရာမညသည် စက်ဘီးကို ဟန်မပျက်တွန်းရင်း အဲ့ဒီကောင်လေးကိုလည်း မသိမသာ လှမ်းကြည့်လိုက်သည်။

"အဝတ်တွေကို ပြန်ယူသွားမလို့လား အစ်ကို၊ အဲ့ဒီအစား ကျွန်တော့်ကိုသာ ပေးလိုက်ပါတော့"

"မင်းသွေးငယ် ငါ့အိတ်ကို ပြန်ပေးစမ်းပါ"

"မပေးနိုင်ပါဘူး၊ အစ်ကိုနဲ့မှ မတော်တာ၊ ဆိုင်ပြန်သွင်းမယ်လို့တော့ မပြောနဲ့နော်၊ ကျွန်တော့်ကိုသာ ပေးလိုက်ပါတော့"

"ငါနဲ့ မတော်ဘူးဆိုတော့ ဒီအဝတ်တွေက မင်းနဲ့ရော တော်လို့လား၊ ဝေးအတွက် ဝယ်လာတာ၊ မင်းကိုပေးစရာလား"

"ပေးစရာပေါ့ဗျ၊ အစ်ကိုကသာ ပေးချင်နေတာ၊ ကာယကံရှင်က မယူဘူးလေ၊ ပြီးတော့ အစ်ကို သူ့ကို အိမ်ပြန်လိုက်မပို့နဲ့တော့၊ ဟိုကို လှမ်းကြည့်လိုက်၊ သူ့ရဲ့သက်ဆိုင်သူ ဒီကိုလာနေတာ မြင်လား"

မင်းသွေးငယ်သည် ပိုင်စိုးပိုင်နင်းပုံစံနဲ့ စက်ဘီးခြင်းထဲထည့်ထားသော အဝတ်အိတ်ကို ဆွဲထုတ်ယူကာ ရင်ဝယ်ပိုက်ထားပြီး ရွှင်မြူးနေတဲ့ မျက်နှာဟန်ပန်နဲ့ တစ်နေရာကို မေးငေါ့ပြလာသည်။ ရာမညလည်း မင်းသွေးငယ်၏ ဆိုလိုရင်းကို သဘောပေါက်လိုက်တာမို့ မင်းသွေးငယ် မေးငေါ့ပြသည့်နေရာကို လှမ်းကြည့်လိုက်သည်။ မိုးသက်ငြိမ်က စက်ဘီးသော့ကို ရာမညမြင်အောင် ဝှေ့ယမ်းပြလာကာ ရာမညတို့ဆီကို လျှောက်လာသည်။ အနားကိုရောက်လာတာနဲ့ မိုးသက်ငြိမ်က ဝေးရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲကိုင်လာသည်။

"ဝေး.. လာ.. သွားရအောင်"

"ကိုမိုးသက်ငြိမ် ခင်ဗျား ဝေးကို ခေါ်သွားစရာမလိုပါဘူး၊ ဝေးကို အိမ်လိုက်ပို့ပေးမယ်လို့ ကျွန်တော် ပြောထားတာ"

"ရာမည ကိုယ့်အတွဲနဲ့ကိုယ် သွားစမ်းပါ၊ ငါ့ချစ်သူကို မလုစမ်းပါနဲ့၊ မင်းရဲ့သက်ဆိုင်သူလည်း ရောက်လာပြီ၊ ဝေးအနားကနေ ဖယ်လိုက်တော့"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now