* အခန်း ၈ * U

5.7K 514 5
                                    

အပင်ရိပ်တွေ အုံ့ဆိုင်းနေသောခြံထဲတွင် ဟောင်းနွမ်းနေပြီဖြစ်သော ပျဥ်ထောင်အိမ်တစ်လုံး ရှိသည်။ ဒီခြံက လမ်းသွယ်မှာရှိတဲ့အပြင် တခြားအိမ်တွေလို လျှပ်စစ်မီး သွယ်တန်းထားတာမျိုးလည်း မရှိတာမို့ အိမ်ကလေးက ရေနံဆီမီးခွက်ရဲ့အလင်းရောင် ခပ်မှိန်မှိန်သာ လင်းနေသည်။ ဆီမီးခွက်ကနေ လင်းဖြာနေတဲ့ မီးအလင်းရောင်အောက်မှာ ကောင်လေးတစ်ယောက်သည် ဘောပင်ကို လက်ထဲဆုပ်ကိုင်ထားကာ ခေါင်းထဲပေါ်လာသော အတွေးတွေကို ဗလာစာအုပ်ပေါ် ချရေးလိုက်နဲ့ အလုပ်များလျက်ရှိသည်။

"သား နေဝေး၊ အခုချိန်အထိ စာလုပ်နေတုန်းလား၊ မနက် ၁ နာရီတောင် ခွဲနေပြီ သားရဲ့၊ ညဥ့်နက်နေပြီ၊ အိပ်ရာဝင်တော့လေ"

အနောက်ကနေ အသံကြားလို့ နေဝေး ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ အိပ်ရာကနေ တစ်ရေးနိုးလာတဲ့ အမေ့ကို အိပ်ခန်းပေါက်ဝမှာ တွေ့ရသည်။ ဒီအိမ်မှာ အိပ်ခန်းနှစ်ခန်းရှိသည်။ နေဝေးက သီးသန့်တစ်ခန်းနေပြီး အမေနှင့်ကလေးနှစ်ယောက်က တစ်ခန်းနေကြသည်။ အမေက လမ်းဖြည်းဖြည်းလျှောက်ကာ နေဝေးရဲ့အခန်းကို ဝင်လာသည်။ နေဝေး စာကြည့်တဲ့ စားပွဲပုလေးအနားကို ရောက်လာကာ နေဝေးကို လာကြည့်သည်။

"ဘာတွေ ရေးနေတာလဲ သား၊ လက်တစ်ခါခါ လုပ်နေတာဆိုတော့ စာရေးရတာ လက်ကျင်နေလို့လား၊ အဲ့ဒါဆို အိပ်လိုက်တော့လေ သားရဲ့၊ မနက်ဖြန်မှ စာဆက်လုပ်တော့၊ အမေ့သားလေး စာအရမ်းတော်တာ အမေသိပါတယ်၊ ဒီညကို ဒီလောက်နဲ့ အိပ်ရာဝင်တော့နော်"

"ဟုတ်အမေ၊ ကျွန်တော် ဒါလေး လက်စသတ်ပြီးရင် ဝင်အိပ်လိုက်မယ်"

"အဲ့ဒါဆို သားအတွက် အိပ်ရာပြင်သွားပေးမယ်"

"ဟုတ်"

နေဝေးသည် ရေးလက်စ ဗလာစာအုပ်ပေါ် ညာလက်ကိုပြန်တင်ကာ ဘောပင်ကို ပြန်ဆုပ်ကိုင်လိုက်သည်။ နေဝေး ဈေးရောင်းပြီး အိမ်ပြန်ရောက်လို့ ညစာစားပြီးကတည်းက စာကြည့်စားပွဲမှာထိုင်ပြီး စာအုပ်ကိုင်နေတာ။ နေဝေး ဒီလောက်အချိန်ပေးပြီး ရေးနေတာတောင် အလုပ်လက်ခံထားတဲ့ စာအုပ်တွေက အခုမှ နှစ်အုပ်ပဲ ပြီးသေးသည်။ ရေးရတဲ့ အကြောင်းအရာကလည်း အတူတူပဲမို့ တစ်အုပ်နှင့်တစ်အုပ် အရေးအသားမထပ်အောင် ဂရုစိုက်ပြီး ရေးနေရသည်။

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Where stories live. Discover now