* အခန်း ၂၃ * U

3.8K 261 1
                                    

ဒီမနက်မှာ မိုးနည်းနည်းအုံ့သည်။ ရာသီဥတု အုံ့ဆိုင်းနေရင် ကျောင်းပြေးချင်စိတ် ပေါက်လာတတ်သော မိုးသက်ငြိမ်သည် အဲ့ဒီစိတ်ကို အသေအကြေ ချိုးနှိမ်ပစ်ရကာ ကျောင်းကိုသွားဖို့ အပေါ်ထပ်မှ ပြေးဆင်းလာလိုက်သည်။ ကျောင်းကို သွားတယ်ဆိုပေမယ့် ဒီနေ့က ဝါဆိုလပြည့်မို့ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ကြရမည်။ ဆရာ၊ ဆရာမများကို ဝါဆိုကန်တော့ပြီးတာနဲ့ သက်ငြိမ်က အိမ်ပြန်လို့ရပြီ။

"သက်ငြိမ်ရေ အိမ်ထဲဝင်လာဦး၊ ဒီမှာ ဝါဆိုပန်းရော၊ ဖယောင်းတိုင်ထုပ်ရော ကျန်ခဲ့ပြီ၊ အဲ့ဒီလောက် မေ့တတ်ရသလားကွယ်၊ ဘယ်အသက်အရွယ် ရှိသေးလို့လဲ၊ ဘယ်တွေများ စိတ်ရောက်နေတာလဲ"

သက်ငြိမ်သည် မနက်စာ စားပြီးတာနဲ့ စက်ဘီးသော့ ကောက်ဆွဲပြီး ခြံထဲပြေးဆင်းသည်။ မိုးကလည်း အရင်ထက် ပိုအုံ့လာတာဆိုတော့ လမ်းမှာ မိုးမိမှာစိုးရသည်။ လွမ်းနေဝေးကိုလည်း ဝင်ခေါ်ရဦးမှာဆိုတော့ သက်ငြိမ်လည်း စိတ်လောလောနဲ့ပဲ ခြံထဲပြေးဆင်းသွားခဲ့တာ။ ဒါပေမဲ့ လယ်ထွန်သွား နွားမေ့ဆိုသလို ဝါဆိုကန်တော့ပွဲ သွားတာကို ဝါဆိုပန်းတွေယူဖို့ မေ့သွားရတဲ့ သက်ငြိမ်အဖြစ်က ရယ်စရာကောင်းသည်။

"စက်ဘီး ဖြည်းဖြည်းနင်းဦး၊ မိုးရွာရင် မိုးကာထုတ်ဝတ်နော်၊ မိုးမိခံပြီး ဖိနင်းမနေနဲ့"

"ဟုတ် ဒေါ်လေး၊ အဲ့ဒါဆို သွားပြီနော်"

"အင်း"

သက်ငြိမ်သည် ဝါဆိုပန်းစည်းနှင့် ဝါဆိုကန်တော့မယ့် အလှူပစ္စည်းတွေကို ဒေါ်လေးဆီက လှမ်းယူကာ စက်ဘီးခြင်းထဲ စုထည့်သည်။ အိမ်က ထွက်လာပြီး လွမ်းနေဝေးကို သူ့အိမ်မှာ ဝင်ခေါ်သည်။ ကျောင်းထဲ‌ရောက်တော့ စက်ဘီး Stand မှာ ရာမညနှင့် ပြန်ဆုံသည်။ လွမ်းနေဝေးက ရာမညကိုမြင်တာနဲ့ သက်ငြိမ်ကို လျစ်လျူရှူသည်။ သက်ငြိမ်သည် သူတို့အနောက်က ကပ်လိုက်လာပြီး ရာမညကိုကြည့်ကာ ခေါင်းထဲပေါ်လာတဲ့ အတွေးလေးတွေကြောင့်ပဲ သက်ငြိမ်ရဲ့မျက်နှာမှာ ခပ်ညစ်ညစ်အပြုံးလေးတွေ ဖြစ်သွားရသည်။

"မည.. ဟိုမှာ မင်းသွေးငယ်ပါလား၊ မင်းကို လှမ်းကြည့်နေတယ်၊ ကော်ရစ်တာမှာ သွားထွက်တွေ့လိုက်ပါလား"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Donde viven las historias. Descúbrelo ahora