အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ

2.5K 292 12
                                    

ယင်ဟန်ကျန်းဟာ ဝမ်ရန်အယ်သူ၏
အချစ်အပေါ်အမြင်ကိုမေးချင်နေတာမှန်း
သိသည်။အမှန်အတိုင်းပြောရလျှင်
အချစ်ဆိုတာ ဘာလဲသူလည်းသေချာ
မသိပေ။

ကလေးဘဝကတည်းက ဝမ်ရန်အယ်က
သူ့ကိုပိုင်ရှင်မဲ့သင်္ချိုင်းကနေ ချွမ်းယွမ်ဂိုဏ်းကိုခေါ်လာတာဖြစ်ပြီး အရှင့်ရဲ့အမိန့်ဟာ
သူ့ရဲ့ဆန္ဒဖြစ်၏။သူဘယ်တုန်းကမှ
ကိုယ်ပိုင်အမြင်တွေကို မဖော်ပြဘူးချေ။
ဝမ်ရန်အယ်မေးခွန်းကိုဆုံးအောင်
မမေးပေမဲ့ ယင်ဟန်ကျန်းဟာ ဦးညွှတ်ပြီး
"အရှင့် ထင်မြင်ချက်ဟာကျွန်တော့်ရဲ့ ယုံကြည်မှုပါပဲ။"ဟုဖြေလိုက်သည်။

(ပိုင်ရှင်မဲ့သင်္ချိုင်းဆိုတာကလေ အပြစ်သားတွေ၊ပိုင်ရှင်မဲ့အလောင်းတွေကို‌ မြေမြှုပ်‌မပေးဘဲ ဒီတိုင်းစွန့်ပစ်ထားတဲ့နေရာပါ။)

အကယ်၍အရှင်ကအချစ်ဝတ္ထုတွေ
ကြိုက်တယ်ဆိုလျှင် ဤကမ္ဘာပေါ်ကဝတ္ထုအားလုံးကိုသူစုဆောင်းပေးမှာဖြစ်ပြီး ယောကျာ်းပဲဖြစ်ဖြစ်၊မိန်းမပဲဖြစ်ဖြစ်
အရှင်ကြိုက်သည့်လူမှန်သမျှကို အရှင့်ရှေ့
အရောက်သူခေါ်လာပေးမှာဖြစ်သည်။
အရှင့်ရဲ့ လိုအင်ဆန္ဒတွေ ဖြစ်မြောက်အောင်လုပ်ပေးဖို့က သူအသက်ရှင်နေရခြင်း၏ ရည်ရွယ်ချက်ပင်။

ဝမ်ရန်အယ်ဟာ သူ့ရှေ့မှာဒူးထောက်နေတဲ့
ယင်ဟန်ကျန်းကိုစိုက်ကြည့်လိုက်ပြီး
အရင်ရက်များက သူ့ဦးနှောက်ထဲ
ပြည့်နှက်နေသည့်ဝတ္ထုအကြောင်းကို
ပြန်စဉ်းစားမိ၏။

ဝတ္ထုထဲကစာတွေအရ ယင်ဟန်ကျန်းဟာ
တကယ့်ကိုသူပြောခဲ့သည့်စကားအတိုင်း
လုပ်ခဲ့တာဖြစ်ပြီး သူဟာ "နာကျင်ရတဲ့အချစ် : မင်းကငါ့ရဲ့ မပြောင်းလဲတဲ့ နှလုံးသားထဲက တစ်ယောက်ထဲသောသူပါပဲ။"ဆိုသည့်ဝတ္ထု၏ စတုတ္ထဇာတ်လိုက်မင်းသားဖြစ်သည်။သူဟာ ဒုတိယ
ဇာတ်လိုက်မင်းသား ဝမ်ရန်အယ်
အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်၍
သီးသန့်ဆန်ကာ တိတ်တဆိတ်နှင့်
ဇာတ်လိုက်မင်းသမီး ပိုင်လီချင်းမြောင်လိုအပ်သမျှကို ဂရုတစိုက် ဖြည့်ဆည့်ပေးပြီး သေသေချာချာကာကွယ်စောင့်ရှောက်ပေးသူဖြစ်သည်။ဝမ်ရန်အယ် ပိုင်လီချင်းမြောင်ကို ကိုယ်တိုင်မစောင့်ရှောက်နိုင်ချိန်၌
သူ့အစားစောင့်ရှောက်ပေးရန်
ယင်ဟန်ကျန်းကိုခိုင်းခဲ့သည်။ယင်ဟန်ကျန်းဟာလည်း ဇာတ်လိုက်မအစား ဒဏ်ရာတွေကိုဝင်ခံပေးပြီးသူ့အစားအဆိပ်ခပ်ခံရပြီး အသက်သေကာနီးဖြစ်တာတောင်မှ အပြစ်တင်စကားတစ်ခွန်းမှတောင်မ‌ပြောပေ။သူဟာဇာတ်လိုက်မကိုဖွင့်ပြောခြင်း
မျိုးလည်း လုံးဝမရှိချေ။သူတို့နှစ်ယောက်လုံးအသက်အန္တရာယ်နှင့်ကြုံချိန်မှာ
ဇာတ်လိုက်မင်းသမီးကသူ့ကိုပြေးခိုင်းပေမဲ့ သူကအသံအက်ကွဲကွဲနဲ့ "ငါတို့နှစ်ယောက်လုံးအသက်ရှင်ရမယ် အဲ့လိုမှမဟုတ်ရင်
ငါမင်းကိုကာကွယ်ရင်းသေမယ်။"
ဟုပြောသည့်စကားဟာ သူ့ခံစားချက်ကိုအဖော်ပြဆုံးစကားဖြစ်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now