အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း

694 81 16
                                    

ဝမ်ရန်အယ် ဒေါသမထွက်ပေ။
အစစ်အမှန်ကမ္ဘာတွင်
မူလဇာတ်ကြောင်းတွင် ပါဝင်သည့်
အဖြစ်အပျက်များနှင့် ကိုက်ညီအောင်
ဇာတ်ကြောင်း‌က လိုက်ပြောင်းလဲနေကျ
ဖြစ်သောကြောင့်ပင်။

သူဟာ မူလဇာတ်ကြောင်းမှ
အဖြစ်အပျက်များမဖြစ်လာအောင် ကောင်းကင်ကိုဖီဆန်ပြီး
ကံကြမ္မာကို ပြောင်းလဲနေသော်ငြား
မူလကံကြမ္မာက ခုခံနေ၏။
ထိုအခြေအနေများအောက်၌
မူလဇာတ်ကြောင်းဟာ
ယခင်က ဆက်စပ်မှုမရှိသော
ဇာတ်ကောင်များကို လိုအပ်ပါက
ထည့်သွင်းလာမှာပင်။

"အဲ့တာဆို မင်းပိုင်လီချင်းမြောင်အပေါ်
သစ္စာရှိရမယ်လို့ ခံစားရလား။"
ဟုဝမ်ရန်အယ်မေးလိုက်သည်။

ဝမ်ရန်အယ်ရုတ်တရက်
သဘောပေါက်သွားသည်။
ကျုန်းလီချန်းဆိုတဲ့ ရွေးချယ်မှု
တစ်ခုတည်းသာနေခြင်းမဟုတ်ပေ။
ရှီထုံရှင်းလည်းရှိ‌နေသည်။
ရှီထုံရှင်းအားဝမ်ရန်အယ်သေချာ
ကြည့်ရှုလိုက်သည်။နေမကောင်းပုံ
ပေါက်နေသည်ကလွဲ၍ ရုပ်ရည်က
မဆိုးရှာပေ။ရှီထုံရှင်း၏
အခြေအနေအရဆိုလျှင် သူ့ဆီမှ
နေမကောင်းစေမှုချီများကို
သူပါသူမထိန်းချုပ်နိုင်ခင်မှာပဲ
သူနှင့်နှစ်ကိုယ်တူကျင့်ကြံသူဟာ
ထိုချီများကြောင့် သေဆုံးသွားလိမ့်မည်။
သူ့အနီးနားတွင် တစ္ဆေကျင့်ကြံသူများသာ အန္တရာယ်ကင်းကင်းနေနိုင်၏။
ထို့ကြောင့်သူ့ကို ငရဲမီးလျှံခန်းမဆောင်သို့
ဝမ်ရန်အယ် စေလွှတ်ခဲ့ခြင်းပင်။

အဓိကအမျိုးသမီးဇာတ်ဆောင်
တစ်ဦးတည်းကသာ ရှီထုံရှင်း၏
နေမကောင်းဖြစ်စေမှုချီများကို
ခံနိုင်ရည်ရှိတာမျိုး ဖြစ်နိုင်ချေရှိသည်။
သူတို့တစ်ဦးနှင့်တစ်ဦး လိုက်ဖက်ညီသည်
ဟူသည့်အဓိပ္ပာယ်ပဲ မဟုတ်ပေဘူးလား။

ပိုင်လီချင်းမြောင်အတွက်
သူရွေးချယ်လိုက်သော
အရံလူကို ဝမ်ရန်အယ်ကျေနပ်စွာ
ကြည့်လိုက်သည်။ဝမ်ရန်အယ်၏
ထိုအကြည့်ကိုခံစားမိသော
ရှီထုံရှင်းဟာ ခေါင်းကိုပြင်းပြင်းထန်ထန်
ခါလိုက်ပြီး "အဟွတ် အဟွတ်
ဘယ်လိုလုပ်ပြီး ကျွန်တော်က
အဲ့လိုခံစားရမှာလဲ။ကျွန်တော်က
အရှင်တစ်ဦးတည်းအပေါ်သာ
သစ္စာရှိတာပါ။"

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now