အပိုင်း၁၆။ လက်ခုပ်ထဲက လ

1.2K 207 26
                                    

ချိုးဟုန်ရွှယ်၏စွမ်းအားများသည်
ဆေးဖိုကိုးလွှာတောင်ရှိ ချိပ်စည်း၏
ဖိနှိပ်ထားခြင်းကိုခံထားရသောကြောင့်
ပိုင်လီချင်းမြောင်နှင့်အင်အားတူနေသည်။

ပိုင်လီချင်းမြောင်ဟာ ချိုးဟုန်ရွှယ်လက်ကိုတား‌ဆီးပြီး သူ့ထိန်းချုပ်မှုအောက်မှ
ရုန်းထွက်လိုက်ကာ ဝေးဝေးသို့
ရှောင်ထွက်လိုက်သည်။

တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက်မျက်နှာနီရဲလာပြီး
ပြေးထွက်သွားတော့သည်။ခဏကြာသောအခါ လက်မောင်းကြားထဲ
အနက်ရောင်ဝတ်ရုံကို ကိုင်ထားရင်း
ပြန်ရောက်လာပြီး ချိုးဟုန်ရွှယ်ကိုယ်ပေါ်သို့
ပစ်တင်ပေးလိုက်သည်။ထို့‌နောက်
အခြားတစ်ဖက်သို့မျက်နှာမူလိုက်ပြီး
"စီ စီနီယာ ကျေးဇူးပြုပြီး အဝတ်အစား
ဝတ်ပါဦး။" ဟုပြောလိုက်သည်။

"ဟမ်" ချိုးဟုန်ရွှယ်‌ငုံ့‌ကြည့်လိုက်သည့်အခါ
သူ့ခန္ဓာကိုယ်ဟာ ရှူယန်ယန်ကဲ့သို့
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့်ပြည့်စုံ
နေပြီး အခြားဘာအမှားအယွင်းမှ
ရှိမနေတာကိုတွေ့လိုက်ရသည်။

အရိုးစုအဖြစ်ဖြင့်သာ ဟိုသွားဒီသွား
လုပ်လာတာ ကြာပြီဖြစ်သဖြင့်
အသွေးအသားခန္ဓာကိုယ်နှင့် နေရသည့်
ခံစားချက်ကို သူမေ့သွားချေပြီ။

ဒေါသထွက်နေဆဲအချိန်တွင်
ပိုင်လီချင်းမြောင်နောက်ဆုတ်သွားသဖြင့် ဒေါသအနည်းငယ်ပြေသွားရကာ
ကျင့်ကြံဆင့်ဖိနှိပ်ခံထားရကြောင်း သဘောပေါက်သွားသည်။
ဝိဉာဉ်စွမ်းအားမရှိသော‌‌ကြောင့် သူ၏
ကယ်တင်ရှင်ကိုရိုက်နှက်ပစ်ချင်သည့်
ဆန္ဒကိုလက်လျော့လိုက်ပြီး
ပိုင်လီချင်းမြောင် မျက်နှာနီရဲရဲဖြင့်
အဝတ်အစားသွားယူခြင်းကို
အေးစက်စက်ဖြင့်ကြည့်နေလိုက်သည်။

ချိုးဟုန်ရွှယ်‌ဖြည်းဖြည်းချင်း အဝတ်အစား
ဝတ်လိုက်သည်။ပိုင်လီချင်းမြောင်အား
မျက်လုံးမှေးကြည့်လိုက်ပြီး "မင်းက
ပိုင်လီချင်းမြောင်လား။"ဟုမေးလိုက်သည်။

"ဟုတ်ပါတယ် ကျွန်မပါပဲ။"
ချိုးဟုန်ရွှယ်အဝတ်ဝတ်ပြီးတာ
သေချာသွားပြီဆိုမှ သူ့ဘက်သို့
ပိုင်လီချင်းမြောင်မျက်နှာပြန်လှည့်လာသည်။
"စီနီယာ သတိလစ်နေတုန်း ကျွန်မတစ်ယောက်တည်းစကားပြောနေတာကို ကြားသွားတာလား။"

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now