အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို

1.4K 226 8
                                    

ပိုင်လီချင်းမြောင်မတိုင်ခင် ရှန့်ချင်းဂိုဏ်း၌ ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်သို့အမြန်ဆုံးရောက်ရှိခဲ့သူဟာ သုံးနှစ်အတွင်းရွှေရောင်
အမြူတေဖွဲ့စည်းနိုင်ခဲ့သူအသက်ဆယ့်ရှစ်နှစ်အရွယ်ဟယ့်ဝမ်းချောင်ဖြစ်သည်။ကျင့်ကြံခြင်းသည်ကောင်းကင်မှစွမ်းအင်များအား
ခိုးယူခြင်းဖြစ်၍ အဆင့်မြင့်လာလေလေ ခက်ခဲလာလေလေဖြစ်သည်။ချီစုဆောင်းခြင်းနှင့်ချီသန့်စင်ခြင်းဟာရိုးရှင်းသဖြင့်
ဝူလင်းမှပါရမီအတော်အသင့်ရှိသည့်လူများပါလေ့ကျင့်နိုင်သည်။အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သည် မရေတွက်
နိုင်သည့်လူများအား တာအိုကို
သ‌ဘောမပေါက်နိုင်စေရန်နှင့်မည့်သည့်အခါမှအဆင့်တက်နိုင်ခြင်းမရှိစေရန်တားဆီးထားသည့်အကန့်အသတ်ဖြစ်သည်။

ထို့အပြင်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်သည်က ဟိုးထိပ်ဆုံးအဆင့်ထိ‌ရောက်မည်ဟုဆိုလိုခြင်းလည်း
မဟုတ်သေးပေ။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်လာပါသော်လည်း နှစ်ငါးဆယ် သို့မဟုတ်နှစ်တစ်ရာအတွင်း ရွှေရောင်
အမြူ‌တေမဖွဲ့စည်းနိုင်သဖြင့် သက်တမ်းကုန်ဆုံးကာသေဆုံးသွားသူများမှာလည်းအများအပြားပင်။

ချီစုဆောင်းခြင်းဆိုသည်မှာစကြာဝဠာမှစွမ်းအင်များကိုခန္ဓာကိုယ်ထဲစုပ်ယူခြင်း
ဖြစ်ပြီး ချီသန့်စင်ခြင်းဟာ ထိုစုပ်ယူထားသည့်စွမ်းအင်များကိုကိုယ်ပိုင်စွမ်းအားအဖြစ်အသုံးပြုနိုင်အောင်သန့်စင်ခြင်းဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၌
ချီကိုအသုံးချ၍ ခန္ဓာကိုယ်ထဲမှ
အညစ်အကြေးများကိုစွန့်ထုတ်ပစ်ပြီး
သန့်ရှင်းစင်ကြယ်သည့်ခန္ဓာကိုယ်တစ်ခု
ရလာအောင်ပြုလုပ်သည်။
ရွှေရောင်အမြူတေကို ဒန်တိမ်ထဲမှ
ဝိဉာဉ်စွမ်းအားအရင်းအမြစ်ကို
စုစည်း၍ ဖွဲ့စည်းရခြင်းဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ခန္ဓာကိုယ်
တစ်ခုလုံးကိုဝိဉာဥ်စွမ်းအင်ဖြင့်အာရုံခံနိုင်ပြီး ခရမ်းရောင်နန်းတော် ဒန်တိမ်ထဲ၌
ပထမဆုံးပေါ်‌လာသည်။ခန္ဓာကိုယ်အတွင်းကိုယ်ပိုင်စကြဝဠာစွမ်းအင်များဖွဲ့စည်း
ခြင်းသည် မသေမျိုးခန္ဓာကိုယ်အဖြစ်သို့ပြောင်းလဲရန်ပထမဆုံးအဆင့်ဖြစ်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now