အပိုင်း၃။ ဒီလိုကြောင့်ကိုး

1.9K 268 44
                                    

ကျင့်ကြံသူတွေဟာ ကောင်းကင်နှင့်
မြေကြီးရဲ့စွမ်းအင်တွေကိုသုံးပြီး
မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီခရီး သွားနိုင်ကြသည်။နေ့တစ်ဝက်မှာပဲ သူတို့ဟာရှန့်ချင်းဂိုဏ်းနားက မြို့ငယ်‌လေးဆီသို့ရောက်ရှိသွားကြ၏။နေ့တစ်ဝက်
ကြာရခြင်းမှာ ဝမ်ရန်အယ်
ယင်ဟန်ကျန်းနှင့်အတူဖြစ်အောင်
အရှိန်လျော့ထားတာကြောင့်ဖြစ်ပြီး
သူတစ်ယောက်တည်းသာဆို ၁၅မိနစ်သာကြာမှာဖြစ်သည်။

ကျင့်ကြံဆင့်ကိုးဆင့်ရှိသည်။
ချီစုဆောင်းခြင်း၊ချီသန့်စင်ခြင်း၊
အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၊ဗဟိုချက်ဖွဲ့စည်းခြင်း၊ဝိဉာဉ်အ‌ခြေတည်ခြင်း၊နတ်အဖြစ်ပြောင်းလဲခြင်း၊ခန္ဓာကိုယ်
စုစည်းခြင်း၊ဟင်းလင်းပြင်နယ်နိမိတ်နှင့်
မဟာယနာ ဟူ၍ဖြစ်သည်။တစ်ခုချင်း
ကိုလည်း အဆင့်ကိုးဆင့်ခွဲပြန်သည်။
မဟာယနာအဆင့်ကိုကျော်ဖြတ်ပြီးလျှင်မိုးကြိုးကပ်ဘေးကျရောက်လာမှာဖြစ်ပြီး ကျော်ဖြတ်နိုင်လျှင် မသေမျိုးဘုံသို့
တက်လှမ်းနိုင်မှာဖြစ်သည်။မသေမျိုးတွေ
မှာလည်း လေလွင့်မသေမျိုး၊မိုးကောင်းကင်မသေမျိုး၊‌ Golden Immortal ၊
Great Golden Immortal ၊
မသေမျိုးအရှင်သခင်နှင့်မသေမျိုးဧကရာဇ် ဟူ၍ထပ်ခွဲ၏။မသေမျိုးဧကရာဇ်အဆင့်ကို‌ ကျော်ဖြတ်ပြီးလျှင် နတ်ဘုရားဘုံသို့
တက်လှမ်းနိုင်သည်။နတ်ဘုရား‌တွေကိုလည်းအဆင့်တွေထပ်ခွဲပြီး အဆင့်တက်နတ်ဘုရားတွေဘယ်လောက်ပဲ ကြိုးစားပါစေ၊သူတို့ဟာ စကြာဝဠာနှင့်ယှဥ်တွဲ၍ မွေးဖွားလာသည့်
ရှေးနတ်ဘုရားများကိုမယှဉ်နိုင်ပေ။
အဆင့်တက်နတ်ဘုရား‌များဟာ ဘယ်လောက်ပဲသန်မာသန်မာ စကြာဝဠာစွမ်းအင်တွေကို ငှားသုံးရတာပဲဖြစ်သဖြင့်
ခဏတာနေထိုင်သည့်သဘောဖြစ်သည်။
ရှေးနတ်ဘုရားတွေအတွက်တော့
စကြာဝဠာဟူသည်က သူတို့၏အိမ်ဖြစ်သည့်အတွက် ရှေးနတ်ဘုရားနှင့်အဆင့်တက်
နတ်ဘုရားတို့ကြားကွာခြားချက်
အလွန်ကြီးမား၏။

နတ်ဆိုးအရှင် ဝမ်ရန်အယ်ဟာ နတ်ဆိုး
ဂိုဏ်းသားတွေထဲမှာအသန်မာဆုံးဖြစ်၍
သူ့အဆင့်ဟာ မဟာယနာ အဆင့်ခြောက်ဖြစ်သည်။ဇာတ်လိုက်မင်းသမီး၏ ယခင်ဘဝက စွမ်းအားဟာစာအုပ်ထဲမှာပါသည့်
လူတိုင်းထက်အဆင့်မြင့်သည်။သူဟာ
ထိုစွမ်းအင်တွေကို ဟယ့်ဝမ်းချောင်နှင့်အတူနေရဖို့ စွန့်လွှတ်လိုက်သည့်အတွက်
ဝမ်ရန်အယ်ကတော့သူ့ခေါင်းမကောင်းဘူး ဟုထင်၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now