အပိုင်း၂၅။အမိန့်မနာခံခြင်း။

1.1K 203 9
                                    

ဓားသွန်းလုပ်ပြီးသည်နှင့်
ကျုန်းလီချန်းကိုပြန်ပေးသွားဆွဲရန်
စဉ်းစားထားသော်ငြား ကောင်းကင်ထက်တွင်ထွန်းလင်း‌တောက်ပ‌နေသည့်
ဒူဘေးကြယ်ကိုတွေ့ပြီးနောက်
သူတာဝန်ယူရမည့်ဂိုဏ်းရှိသေးကြောင်း
ဝမ်ရန်အယ် သတိရသွားသည်။
ဂိုဏ်းပေါင်းစုံစစ်ပွဲ၌ ချွမ်းယွမ်ဂိုဏ်း
ဆုံးရှုံးမှုများခဲ့သည်။အဆင့်မြင့်
ကျင့်ကြံသူများစွာသေဆုံးသွားကြပြီး
ခန်းမဆောင်သခင်လေးဦး၌
သုံးဦးသည် ဒဏ်ရာအပြင်းအထန်
ရခဲ့သည်။လေးယောက်မြောက်
ခန်းမဆောင်သခင်မှာမူ
ရှန့်ချန်းဂိုဏ်းတွင် လေလွင့်မသေမျိုး
အဖြစ်နေထိုင်နေသည်။ဂိုဏ်းချုပ်နှင့်
လက်ဝဲကျင့်ကြံသူလည်း
ပျောက်ဆုံးနေသည့်အတွက်
ဂိုဏ်းကိုထိန်းချုပ်နိုင်သူဟူ၍
လက်ယာကာကွယ်စောင့်ရှောက်သူ
တစ်ဦးတည်း‌သာရှိသည်။

"စဉ်းစားကြည့်ရင် ဒီအရှင်ကျုန်းလီချန်းကို
ဖမ်းခေါ်လာပြီးရင် ဖမ်းထားဖို့
နေရာလိုမယ်လေ။လက်ယာ
စောင့်ရှောက်သူက အချစ်အကြောင်းကို
ငါတို့ထက်ပိုသိတယ်။အဲ့တော့
ကျုန်းလီချန်း ပိုင်လီချင်းမြောင်ကို
ချစ်မိသွားအောင်လုပ်ဖို့တာဝန်ကို
သူ့ကိုပေးရမယ်။"

ဓားကိုရရှိပြီးနောက် သူဟာအရှင်
ဘာပြောပြောလက်ခံရမည့်
လူတစ်ယောက်ဖြစ်ရမှာမဟုတ်မှန်း
ယင်ဟန်ကျန်းသဘောပေါက်သွားသည်။
အရှင့်ကိုကူပေးပြီး အရှင်ထမ်းထားရသည့်
ဝန်ထုပ်ဝန်ပိုးများ လျော့ပါးသွားအောင်
ကူညီရမည်။

သေချာစဉ်းစားပြီးနောက်
"လက်ယာကာကွယ်သူက ရည်မှန်းချက်
ကြီးတယ်။လက်ရှိချွမ်းယွမ်ဂိုဏ်းမှာ
ခေါင်းဆောင်မရှိဘူး။အဲ့တော့
အခုလောက်ဆို ပရမ်းပတာ
ဖြစ်နေလောက်ပြီ။"ဟုပြောလိုက်သည်။

ကောင်းကင်မှ ဒူဘေးကြယ်ကို
ဝေ့ကြည့်လိုက်ရင်း "အခုလက်ရှိ
သူကောင်းကောင်းနေနေပုံပါပဲ။"
ဟုဝမ်ရန်အယ်ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ။ပိုင်လီချင်းမြောင်နဲ့
ကျုန်းလီချန်းတွေ့ဖို့ ဆယ်စုနှစ်
အများကြီးလိုသေးတယ်။ငါတို့မှာ
အချိန်တွေကျန်သေးတယ်။
ချွမ်းယွမ်ဂိုဏ်းကိုပြန်ပြီး
ကိစ္စတွေ အရင်သွားရှင်းကြမယ်။"

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now