အပိုင်း၂၂။ဝိဉာဉ်လောက

1.1K 197 16
                                    

ဝိဉာဉ်လောကကို မျက်မြင်ကြုံတွေ့ရသည့်
မည်သည့်ကျင့်ကြံသူမဆို တစ်ဘဝစာ
ကံကောင်းမှုကြီးဟုသတ်မှတ်ပြီး
ဝင်ပေါက်မပိတ်ခင် မြန်နိုင်သမျှ
မြန်မြန် ပြေးဝင်ကြမှာပင်။

ချိုးဟုန်ရွှယ်သည်လည်း ထို့အတူပင်။
မသေမျိုးအရှိန်အဝါကိုခံစားမိသည်နှင့်
လွင့်ထွက်သွားသည့်နေရာမှ ချက်ချင်း
ပြန်ပြေးလာပြီး ဝင်ဖို့လုပ်တော့သည်။
သို့သော် သူ့ရှေ့၌ ယင်ဟန်ကျန်းက
ပိတ်ရပ်ထားသည်။

"အရှင် အခုထိမဝင်ရသေးဘူး။"
ဝမ်ရန်အယ်နောက်ရပ်ရင်း
လက်တစ်ဖက်တွင်ဓားကိုင်ဆွဲထားကာ
ချိုးဟုန်ရွှယ်ကို နောက်ထပ်ခြေလှမ်း
တစ်လှမ်းသော်မျှ ထပ်မလှမ်းနိုင်စေရန်
ယင်ဟန်ကျန်း တားဆီးထားသည်။

ချိုးဟုန်ရွှယ်၏ လက်ရှိအင်အားမှာ
ယင်ဟန်ကျန်းထက် များစွာသာလွန်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက
ခန္ဓာကိုယ်စုစည်းခြင်းကျင့်ကြံဆင့်သာ
ရှိသေးသော်ငြား ချွမ်းယွမ်ဂိုဏ်းရှိ
အဆင့်မြင့်ကျင့်ကြံသူများကို
ယှဉ်တိုက်နိုင်ခဲ့သည့် ယင်ဟန်ကျန်းအကြောင်း သူမှတ်မိနေသေးသည်။
  
ထိုစဉ်က ချွမ်းယွမ်ဂိုဏ်းရှိ
အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်နှင့်
တစ်ယောက်အဆင်မပြေကြသဖြင့်
မည်သူမှစွမ်းအင်အစစ်အမှန်ကို
ထုတ်မသုံးကြပေ။ပြိုင်ဘက်များ
သိရှိသွားပြီး အခွင့်အရေးယူ
တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။သို့‌သော် ယင်ဟန်ကျန်း၏
စွမ်းအားအစစ်အမှန်ကကြောက်စရာ
ကောင်းသည်ဆိုတာကတော့
အမှန်တရားပင်။ထိုအချိန်က
ချိုးဟုန်ရွှယ်ဟာ ဟင်းလင်းပြင်လေဟာနယ်ကျင့်ကြံသူဖြစ်ပြီး ဆာလောင်တစ္ဆေ
လမ်းစဉ်ကိုကျင့်ကြံဖို့ ဆုံးဖြတ်ချက်
မချရသေးပေ။အဆုံးသတ်အထိ
အဇူရာလမ်းစဉ်ကိုပဲ ကျင့်ကြံဖို့
တွေးထားခဲ့တာပင်။ထိုစဉ်က
ချိုးဟုန်ရွှယ်၌ ဦးနှောက်ကော၊
အသွေးအသားတွေပါ ရှိပြီး
ကိုယ့်ကိုကိုယ် ဆာလောင်တစ္ဆေတွေကို
ကျွေးပစ်ဖို့ စိတ်ကူးမရှိသေးပေ။

ရှူယန်ယန်၏ သွားတွေကို
ရိုက်ချိုးပြီး သူ့ရဲ့နားထင်ကိုဓားဖြင့်
ထိုးစိုက်သော ယင်ဟန်ကျန်းနှင့်
ဆုံခဲ့ချိန်မှာတော့ ချိုးဟုန်ရွှယ်
အချိန်အတိုင်းအတာတစ်ခုကြာ
အထိနာခဲ့ရသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now