အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်

1K 193 6
                                    

နန်းတော်တစ်ခုအဖြစ်မှ လှိုဏ်ဂူတစ်လုံးအသွင် မျက်စိရှေ့မှောက်တွင်
ချက်ချင်းကြီးပြောင်းလဲသွားတာကို
ဝမ်ရန်အယ်နှင့် ယင်ဟန်ကျန်းတို့
ကြုံတွေ့လိုက်ရသည်။ယင်ဟန်ကျန်းဟာ
ဓားကိုအလိုလိုဆွဲထုတ်မိလိုက်ပြီး
ဝမ်ရန်အယ်ရှေ့ ပိတ်ရပ်လိုက်၏။

သတိမမူမိသော ပိုင်လီချင်းမြောင်ဟာ
သူ့ကို ချည်တုပ်ထားသည့်
ဆီးနှင်းပိုးချည်မျှင်ကို ပြန်ဖြည်လိုက်ပြီး ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုကာ
"စီနီယာတို့ ဆရာချင့်ရွှယ်ဘယ်မှာလဲဟင်။
အား...."

အေးစက်စက်အရာဝတ္ထုတစ်ခု
သူ့ခြေချင်းဝတ်ကို ပွတ်သပ်သွားသည်ဟု
ပိုင်လီချင်းမြောင်ခံစားရသဖြင့်
ထခုန်လိုက်ကာ အလင်းတောက်အဆောင်ကို အသုံးပြုလိုက်သည်။အလင်းရောင်ကြောင့်
သူ့ခြေထောက်အောက်မြေပြင်တွင်
မြွေမြောက်များစွာ တွားသွားနေတာကို
တွေ့ရှိလိုက်ရသည်။အသေးဆုံးမှာ
ထမင်းစားပန်းကန်လုံးတစ်လုံးစာ
ပမာဏမျှအထူရှိပြီး အကြီးဆုံးမှာ
တစ်မီတာပမာဏလောက်ထူသည်။

အလွန်ကျယ်ပြောလှသည့် ထိုလှိုဏ်ဂူအတွင်း
လေပြေညင်း ဖြတ်သန်းတိုက်ခတ်နေ၏။‌မြေပြင်တစ်ခွင်လုံး၌လည်း တစ်ကောင်နှင့် တစ်ကောင်ရောထွေးနေသော
မြွေများပြည့်နှက်နေ၏။

ယင်ဟန်ကျန်း ဓားဖြင့်စမတိုက်ခိုက်ခင်မှာ
ဝမ်ရန်အယ် သူ့လက်ကိုဆွဲကာ
တားဆီးလိုက်သည်။ထို့‌နောက်
တည်ငြိမ်စွာဖြင့်"မတိုက်နဲ့ဦး။သူတို့တွေ
တိုက်ခိုက်ဖို့လာတာမဟုတ်ဘူး။"
ဟုပြောလိုက်၏။

"အား ကျွန်မမြွေကြောက်တယ်။"
ပိုင်လီချင်းမြောင်၏ ကျင့်ကြံဆင့်ဟာ
ဖိနှိပ်ခံထားရဆဲဖြစ်သောကြောင့်
လေပေါ်သို့မပျံနိုင်ပေ။မြေပြင်ပေါ်တွင်သာ
ခုန်ဆွခုန်ဆွလုပ်နေရသည့် ပိုင်လီချင်းမြောင်သွင်ပြင်ဟာ ငိုချတော့မည့်ပုံပင်။

စာအုပ်ထဲ၌ ထိုမြွေတွေကိုဝမ်ရန်အယ်
သတ်ပစ်လိုက်သည်။မြွေသွေးနံ့ကြောင့်
အခြားသတ္တဝါများရောက်လာကြသဖြင့်
ပို၍အခြေအနေဆိုးရွားသွားသည်။

နန်းတော်အဖြစ်မှ ဂူတစ်လုံးအသွင်
ပြောင်းလဲသွားသော ဝိဉာဉ်လောကကို
မျက်မြင်တွေ့လိုက်ရသဖြင့် ဝမ်ရန်အယ်
သတ်ဖြတ်ပစ်ချင်သည့်စိတ်ဆန္ဒကို
ချိုးနှိမ်လိုက်ရင်း "အရမ်း ဗျာများမနေနဲ့။မြေပြင်အလွတ်မှာရပ်နေ။မြွေတွေ မင်းကို ဘာအန္တရာယ်မှပေးမှာမဟုတ်ဘူး။
သွားတိုက်ခိုက်မှပိုဆိုးကုန်လိမ့်မယ်။"
ဟုပိုင်လီချင်းမြောင်ကို
လှမ်းပြောလိုက်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now