အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း

1.7K 265 8
                                    

ဝတ္ထုတစ်အုပ်၏ အဓိကဇာတ်ကောင်
ဖြစ်သော ပိုင်လီချင်းမြောင်၏ရုပ်ရည်
သွင်ပြင်သည် ခြွင်းချက်မရှိလှပ၏။
သူဟာ ရှန့်ချင်းဂိုဏ်းမိန်းကလေးတပည့်များဝတ်ဆင်လေ့ရှိသည့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ ရောင်စုံကြိုးနှင့်ဆံပင်ကိုရိုးရိုးရှင်းရှင်းထုံးဖွဲ့ထားသည်။သူ့ဆံပင်၌ ကြွေကျကာစ မက်မွန်ပန်းပွင့်ဖတ်ကပ်နေပြီး
သူ့မျက်နှာလေးဟာလည်း ‌ပန်းပွင့်ဖတ်လိုပန်းရောင်သန်းကာ နူးညံ့လှပနေသည်။နဖူးပေါ်သို့ ဆံပင်အနည်းငယ်ကျဆင်းနေခြင်း
ကလည်း ခြယ်သမှုကင်းသည့်မျက်နှာကို
ပိုလှပအောင် ပံ့ပိုးထား၍အဝါရောင်
ဖျော့ဖျော့နားကပ်ကိုဆွဲထားခြင်းက
ငယ်ရွယ်၍ကျက်သရေရှိသည့်အလှအပကို
ပေါ်လွင်စေသည်။

ဝမ်ရန်အယ်ဟာ အရောင်အဝါတွေကိုပဲ အာရုံစူးစိုက်နေသည့်အတွက် သူ၏အလှအပကိုသတိမထားမိပေ။ယင်ဟန်ကျန်း
သူ့ဓားကိုတင်းတင်းဆုပ်ကိုင်ထား၏။သူ၏မျက်လုံးထဲတွင်တော့ ဝမ်ရန်အယ်ကိုဆန့်ကျင်ရဲသည့်ထိုမိန်းကလေးသည်
သေလူပင်။

ဟယ့်ဝမ်းချောင်လည်း ဒုတိယထပ်သို့ရောက်လာသည်။သူဟာ ပိုင်လီချင်းမြောင်ကို ဆယ်နှစ်ကျော်သိလာတာဖြစ်သည့်အတွက် ဘယ်လောက်ပဲလှပနေပါစေ
မြင်နေကျဖြစ်၍ မည်သို့မျှမခံစားရချေ။ဒုတိယထပ်ကို ရောက်လာထဲက သူ၏
အာရုံသည် ရှူယန်ယန်ဆီသို့သာ
ရောက်နေ၏။သူသည်စားပွဲထိုးတစ်ယောက်အား ငွေအကြွေစေ့ အနည်းငယ်ပေးလိုက်၍ အရိုးကျိုးခြင်းကို ကုသပေးနိုင်သည့် ဆရာဝန်တစ်ယောက်ကို ခေါ်ပေးရန် ခိုင်းလိုက်သည်။ထို့နောက် ရှူယန်ယန်
ထိုင်ခုံနားမှာထိုင်ချလိုက်ပြီး
"မိန်းကလေးရှူ မစိုးရိမ်ပါနဲ့။ကျွန်တော်
မင်းအတွက်တရားမျှတမှုကို ရှာပေးပါ့မယ်။"
ဟုပြောလိုက်သည်။

ရှူယန်ယန်..........

မဖြစ်နိုင်လိုက်တာ သူတစ်ယောက်ပဲ
ပိုင်လီချင်းမြောင်လှတာကိုသတိထားမိတာလား။ဒီယောကျ်ားသုံးယောက်လုံးက မျက်လုံးကန်းနေတာများလား။ပြီးတော့
ပိုင်လီချင်းမြောင်ကမှ သူ့အတွက်
တရားမျှတမှုရှာပေးနေတာလေ။
ဟယ့်ဝမ်းချောင်က ဘာကိစ္စနာမည်ကောင်းဝင်ယူနေတာလဲ။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now