အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်

1.5K 253 25
                                    

ပိုင်လီချင်းမြောင်ဟာ ဝမ်ရန်အယ်သူ့ကို
ပေးထားခဲ့သည့်ရတနာပစ္စည်းပုံကြီးကိုလက်ခံထားရခြင်းအားစိတ်မသက်မသာ
ဖြစ်မိ၏။သူရှန့်ချင်းဂိုဏ်းကိုပြန်ပြီး
တစ်ညလုံးကျင့်ကြံလိုက်သောအခါ
သူ့ကျင့်ကြံဆင့်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဒုတိယအဆင့်မှ
သတ္တမအဆင့်သို့တစ်ပြိုင်နက်တည်း
တိုးသွား၏။ထိုသို့တိုးသွားရခြင်းမှာ
စီနီယာနှစ်ယောက်၏ လမ်းညွှန်မှုကြောင့်သာ
ဖြစ်သည်။

ပိုင်လီချင်းမြောင်ဟာ ငယ်စဉ်ကတည်းက
ရေတစ်စက်လောက်ကျေးဇူးတရားကို
စမ်းချောင်းလောက်ပမာဏ ပြန်၍ ကျေးဇူးဆပ်ရမည်ဟုသင်ကြားထားခံရသူဖြစ်သည်။ထိုအကျိုးကျေးဇူးကို
သူအလကားလက်မခံနိုင်ပေ။ထို့‌ကြောင့်
သူ၏ဆရာကိုတောင်မှထွက်ခွင့်ပေးရန်
ခွင့်တောင်းလိုက်သည်။
ပိုင်လီချင်းမြောင်၏ဆရာဖြစ်သည့်အကြီးအကဲချင့်ရုန်သည်မိန်းကလေး
ကျင့်ကြံသူဖြစ်၍ ရှန့်ချင်ဂိုဏ်းရှိမိန်းကလေးတပည့်အများစုသည်သူ၏လက်အောက်ခံတပည့်များဖြစ်ကြသည်။ရှန့်ချင်းဂိုဏ်းဟာမိန်းကလေးကျင့်ကြံသူများစုံတွဲကျင့်ကြံခြင်းမပြုရဟု တားမြစ်ထားခြင်းမျိုးမရှိပေ။

သို့ပေမဲ့ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်ရောက်မှစုံတွဲကျင့်ကြံရမည်ဟုသတ်မှတ်ထားသည်။
ထိုသို့သတ်မှတ်ရခြင်း၏ပထမအကြောင်း
ပြချက်မှာချီတုံချတုံဖြစ်နေသည့်
တပည့်များအားမျှော်လင့်ရမည့်အရာတစ်ခုပေးထားခြင်းဖြစ်သည်။အကယ်၍
လူတစ်ယောက်၌သာ ပန်းတိုင်ရှိလျှင်
ပုံမှန်ထက်ပို၍ အားစိုက်ထုတ်ကာ
ကြိုးစားမှာဖြစ်သည်။ဒုတိယအကြောင်း
ပြချက်မှာ ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်ရောက်လျှင် လူငယ်ဘဝမှစိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းများလျော့နည်းသွားပြီး
စိတ်ပိုင်းဆိုင်ရာရင့်ကျက်လာကာ
တကယ်စစ်မှန်၍အလေးအနက်ဖြစ်သောဆန္ဒများသာကျန်ရစ်မှာဖြစ်၏။
ဤသို့ဖြင့် တပည့်များငယ်ရွယ်စဥ်
ကိုယ့်ကိုကိုယ်မဖျက်စီးမိ‌ဘဲ အရွယ်ရောက်
မှသာကိုယ့်၏ခံစားချက်အစစ်အမှန်ကို
ကိုယ့်ဘာသာကိုယ်ဆန်းစစ်နိုင်စေရန်ပင်။

ရှန့်ချင်းဂိုဏ်းဟာ တစ်စုံတစ်ခုကို
တားမြစ်ခြင်းထက် ကန့်သတ်ချက်ထားခြင်းကပိုကောင်းသည်ဟုယုံကြည်သည်။
တပည့်များ ပုန်ကန်ထကြွခြင်းအား
ရှောင်ရှားရန် အချစ်ရေးကိစ္စများကို
မတားမြစ်ဘဲသေသေချာချာလမ်းညွှန်
ပြသသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now