အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ

1K 143 9
                                    

"အရှင်"ဟုခေါ်၍ရှူယန့်ယန့်ဟာ
ကျုန်းလီခွမ်၏အခြေတည်စဝိဉာဉ်အား
ဝမ်ရန်အယ်ထံသို့ လက်နှစ်ဖက်ဖြင့်
ဆက်သလိုက်၏။

"မင်းယူလိုက်"ဟု ရှူယန့်ယန့်ဘက်သို့
တစ်ချက်သော်မျှစောင်းငဲ့မကြည့်ဘဲ
ဝမ်ရန်အယ်ပြောလိုက်သည်။
"ပြီးရင် အဝတ်အစားဝတ်လိုက်ဦး။"

ရှူယန့်ယန့်၏ ရက်စက်မှုကို
သူ လျော့တွက်မိခဲ့သည်။
အနည်းဆုံးတော့အဝတ်အစားဝတ်ပြီးမှ
ကျုန်းလီခွမ်ကိုတိုက်ခိုက်မည်ဟု
ထင်ထားခဲ့သော်ငြား စောင်အပါး
တစ်ထည်သာ ပတ်ပြီးချက်ချင်း
တိုက်ခိုက်ခဲ့သည်။ကျုန်းလီခွမ်မပြောနှင့်။
အမိန့်ပေးသူ ဝမ်ရန်အယ်တောင်မှ
အံ့ဩသွားခဲ့ရသည်။

ကျုန်းလီခွမ်ဟာလည်း ဆုံးဖြတ်ချက်ပြတ်သားသူပင်။ရှူယန့်ယန့်၏ မတုံ့မဆိုင်း တိုက်ခိုက်ခြင်းကိုခံရသည်နှင့် ချက်ချင်း
ခန္ဓာကိုယ်နှင့်အခြေတည်စဝိဉာဉ်ကို
စွန့်ပစ်ခဲ့ပြီး စိတ်ဝိဉာဉ်ဖြင့်ထွက်ပြေးရန်
ကြိုးစားတော့သည်။သို့သော်ငြား
သူ့အနားရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူငယ်ဟာ ဖြစ်နိုင်ခြေအားလုံးကို
ကြိုတင်တွက်ဆပြီးသားပင်။
ချက်ချင်းဓားဆွဲခုတ်ပြီး ထွက်ပြေးဖို့
ကြိုးစားနေသည့် စိတ်ဝိဉာဉ်ကို
တားဆီးလိုက်လေ၏။
(အခြေတည်စဝိဉာဉ်က ကျင့်ကြံမှရလာတာ။
စိတ်ဝိဉာဉ်ကျတော့ လူတိုင်းမှာရှိတာ။
ကိုယ်တွေမှာလည်းရှိတယ်လေ။)

"မင်းတို့က ဘယ်သူတွေလဲ။ငါ့ကိုသတ်ရင်
ကျုန်းလီကလန်ကငြိမ်နေမှာမဟုတ်ဘူး။"
ဟုကျုန်းလီခွမ်၏ဝိဉာဉ်ဟာ
အထစ်ထစ်အငေါ့ငေါ့ဖြင့်
ခြိမ်းခြောက်လာ၏။

"တကယ်ကြီးလား။ကျုန်းလီကလန်က
ကျုန်းလီချန်းအကျိုးအတွက်ဆို
ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းကိုဂရုမစိုက်ဘဲ စွန့်လွှတ်ပစ်လိုက်မှာမျိုးကို
စိုးရိမ်နေတာမဟုတ်ဘူးလား။"
ဟုဝမ်ရန်အယ်ပြောလိုက်၏။

သူ၏အကြောက်ရဆုံးအတွေးကို
အခြားသူတစ်ယောက်က
ပြောဆိုလိုက်သောအခါ ကျုန်းလီခွမ်၏
စိတ်ဝိဉာဉ်တုန်လှုပ်သွား၏။လူတွေသာ
လိမ်ညာနိုင်သော်ငြား စိတ်ဝိဉာဉ်တွေကတော့မလိမ်ညာနိုင်ပေ။ထို့ကြောင့်
သူ့ခန့်မှန်းမှုမှန်‌ကြောင်း ဝမ်ရန်အယ်
သိသွား၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now