အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း

1.2K 222 7
                                    

ယခုမှသာလျှင် ဝမ်ရန်အယ်ဟာ
ခန်းမဆောင်သခင်လေးဦးနှင့်
လက်ယာကာကွယ်‌သူပို့ထားသည့်
အဆောင်များမှကြုံရာကိုချိုးဖျက်ရင်း
အထဲမှ အကြောင်းအရာများကို
နားထောင်‌လေတော့သည်။

ရှူယန်ယန်၏ "ဘုရားရေ အရှင်
အမှန်တရားဂိုဏ်းပေါင်းစုကြီးက
စွမ်းအင်တားဆီးအစီအရင်ကို ဖွဲ့စည်း
လိုက်ပြီ။ကျွန်မနဲ့ ခန်းမဆောင်သခင်ချိုးမှာ
ထုတ်သုံးစရာစွမ်းအင်မကျန်တော့ဘူး။
အိုး အခုလိုဆက်သွားနေလို့မဖြစ်တော့ဘူး။
ကျွန်မဒီမှာပဲလှဲချပြီး အရှင်လာကယ်မဲ့
အချိန်ကိုပဲစောင့်နေတော့မယ်။"ဟု
ကြောက်ရွံ့ထိတ်လန့်စွာ အလွန်အကဲ
ချဲ့ကားပြောဆိုသံထွက်ပေါ်လာ၏။

ဝမ်ရန်အယ် : .......

သရုပ်ဆောင်နေသည်ဆိုတာကို သိနေသော်ငြား ယင်ဟန်ကျန်းဒေါသထွက်သွား၏။
"အရှင့်ရဲ့ကာကွယ်သူတစ်ယောက်ဖြစ်ပြီး
အရှင့်ကိုလာကယ်ပေးဖို့ တောင်းဆို
နေသေးတယ်။ကာကွယ်သူဖြစ်ဖို့
မထိုက်တန်လိုက်တာ။"

ဝမ်ရန်အယ် ယင်ဟန်ကျန်းစကားကိုသဘောတူမိသည်။ရှူယန်ယန်၏
သရုပ်ဆောင်စွမ်းရည်မှာ
ယောကျာ်းတစ်ယောက်ကိုဆွဲဆောင်ရာ၌ ထိပ်တန်းဖြစ်သော်ငြား တိုက်ပွဲ၌
ရှုံးနိမ့်ယောင်ဆောင်သည့်နေရာတွင်တော့ညံ့ဖျင်းလှသည်။

ခန်းမဆောင်သခင်ယွမ်းကတော့ ဆန့်ကျင်ဘက်ပင်။ဝမ်ရန်အယ် သူ၏အဆောင်ကိုချိုးဖျက်လိုက်သည့်အခါ
"အရှင် ကျွန်တော်‌မြောက်ဘက်ကတောင်တွေကိုကင်းလှည့်ရင်းအမှန်တရားဂိုဏ်းသားအများကြီးနဲ့ထပ်တိုက်ရင်‌ဆိုင်နေရတယ်။နတ်အဖြစ်ပြောင်းလဲခြင်းအဆင့်နဲ့
အဲ့အဆင့်အထက်ကျင့်ကြံသူတွေကြီးပဲ။ကံကောင်းတာက အခြားခန်းမဆောင်
သခင်နှစ်ယောက်ပါကျွန်တော်နဲ့အတူ
ရှိနေတာပဲ။အဲ့တာကြောင့် ကျန်သမျှ
ချွမ်းယွမ်ဂိုဏ်းသားအကုန်စုစည်းပြီး
ပြန်တိုက်ခိုက်ပါတယ်။ဒါပေမဲ့ သဘာဝ
ဝိဉာဉ်စွမ်းအင်တွေချက်ချင်းကြီး
ပြတ်တောက်သွားတဲ့အတွက် ကိုယ်ပိုင်စွမ်းအင်တွေကိုပဲထုတ်သုံးပြီး
တိုက်နေရတယ်။အချိန်အကြာကြီး
တောင့်ခံနိုင်မှာမဟုတ်ဘူး။ချက်ချင်း စွမ်းအင်တားဆီးအစီအရင်ကိုဖျက်စီးပစ်မှ
ရမယ်။ဒီငယ်သားကအရှင့်ကို
ကောင်းကင်လောင်ကျွမ်းစည်ကို
သုံးပေးဖို့တောင်းဆိုချင်ပါတယ်။"ဟုကပျာကယာပြောသံပေါ်ထွက်လာ၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now