အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်

1.4K 228 11
                                    

ဝမ်ရန်အယ် တကယ့်ကို ယင်ဟန်ကျန်းနှင့်
စကားပြောဖို့လိုနေပြီ။ယင်ဟန်ကျန်းဟာ
ပထမနေရာမှာရှိ၍အထင်ရှားဆုံးဖြစ်သည့်နတ်ဆိုးဂိုဏ်း၏လက်ဝဲကာကွယ်စောင့်ရှောက်သူဖြစ်သည်။ထို့ကြောင့်
ဝမ်ရန်အယ်အိပ်ပျော်သွားသည့်အချိန်မှ
တိတ်တဆိတ်ဝိုင်ခိုးသောက်ရလောက်အောင်
အထိကြောက်တတ်ခြင်းကမဟုတ်သေးချေ။

ထိုကလေးကိုကောက်ယူခဲ့စဉ်က ဝမ်ရန်အယ်
ရုပ်သေးရုပ်တစ်ရုပ်လိုချင်ခဲ့တာမဟုတ်။

သူလက်ချောင်းတွေကိုလှုပ်ရှားလိုက်သည့်အခါ ကြမ်းပြင်ပေါ်မှာကျနေသည့်ဝတ်ရုံဟာ
ယင်ဟန်ကျန်းပေါ်သို့ရောက်ရှိသွား၏။
ယင်ဟန်ကျန်းဟာ ယခုလေးတင်
ဆီးနှင်းမီးလျှံကိုစုပ်ယူထားတာကြောင့်
ယန်စွမ်းအင်များဖြင့်ပြည့်နှက်နေပြီး
သူ့အဝတ်အစားများနှင့်ဆံနွယ်များဟာချက်ချင်းခြောက်သွေ့သွားသည်။
ယင်ဟန်ကျန်းဟာ သူ့‌ကိုယ်ပေါ်ရောက်လာသည့်ဝတ်ရုံကိုလက်ထိုး၍ ဝတ်ဆင်လိုက်ပြီး ပြန့်ကျဲနေသောဆံနွယ်များကို
ချည်နှောင်လိုက်သည်။ထို့နောက် ဓားကိုလက်တစ်ဖက်ကကိုင်ထား၍ ရိုသေ
လေးစားစွာဖြင့် ဒူးတစ်ဖက်
ထောက်လိုက်သည်။

ဝမ်ရန်အယ်ဟာဖြည်းဖြည်းချင်း
"ကာကွယ်စောင့်ရှောက်သူယင် အရင်က
ဒီအရှင်မင်းကိုဓားကျင့်စဥ်ကျင့်ကြံရမယ်လို့
အမိန့်ပေးခဲ့တုန်းက မင်းမကျေနပ်ခဲ့တာမျိုး
ရှိခဲ့လား။" ဟုမေးလိုက်သည်။

ဝမ်ရန်အယ်ထိုကလေးအားဂိုဏ်းသို့
ခေါ်ဆောင်လာခဲ့စဉ်က ထိုကလေးသည်
ကျင့်ကြံရန်ကံကြမ္မာပါရှိသည့်ပါရမီ
အပြည့်နှင့်ကလေးတစ်ယောက်ဖြစ်သည်။
ယင်ဟန်ကျန်း၌ သန့်စင်သောသတ္တု
ဝိဉာဉ်ရင်းမြစ်ပါရှိပြီး သူမွေးဖွားချိန်သည် အကြီးဆုံးကြယ်စင်တန်း၏ခုနစ်ခုမြောက်ကြယ်ဖြစ်သည့် အယ်ကိတ်ကြယ်လွှမ်းမိုးထားချိန်ဖြစ်သည်။အယ်ကိတ်ကြယ်
သည် ရန်သူများကိုချေမှုန်းသည့်ကြယ်ဟု
အမည်တွင်၍ ခုခံစွမ်းရည်ကောင်းပြီး
ကြီးမားသည့်ဖျက်စီးခြင်းစွမ်းရည်ကို
ပိုင်ဆိုင်ထား၏။သာမန်လူသား
စစ်တပ်များတွင်ထိုကြယ်လွှမ်းမိုးထားခြင်း
ခံရသူများသည်ရှေ့ပြေးတပ် သို့မဟုတ် အသေခံတပ်ဖွဲ့စည်းရန်အတွက်သင့်လျော်၏။ဝမ်ရန်အယ်၏ကြယ်သည်
ပိုလစ်ကြယ်ဖြစ်၍ ဗိုလ်ချုပ်ကြီးကြယ်ဟုလည်းအမည်တွင်၏။ထို့အပြင်ပိုလစ်ကြယ်နှင့်အယ်ကိတ်ကြယ်တို့သည် ‌ပေါင်းစပ်ရန်အသင့်လျော်ဆုံးကြယ်များဖြစ်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now