အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား

940 111 15
                                    

ရှူယန့်ယန့်နှင့် ချိုးဟုန်ရွှယ် ရန်ဖြစ်ရသည့်အကြောင်းအရင်းမှာ ရိုးစင်းလှသည်။
ချိုးဟုန်ရွှယ်ဟာ ပိုင်လီချင်းမြောင်အား ငရဲမီးလျှံခန်းမဆောင်၌ထားခဲ့ပြီး
အဓိကခန်းမဆောင်သို့
ပြန်ရောက်ပြီဖြစ်ကြောင်း
လာလျှောက်တင်ရာ ရှူယန့်ယန့်နှင့်
ပက်ပင်းတိုးမိသည်။ချိုးဟုန်ရွှယ်
အသက်ရှင်နေသေးကြောင်း
ရှူယန့်ယန့် ကြိုမသိပေ။ထို့ကြောင့်
မျက်လုံးမလွှဲမိဘဲ အချိန်အတော်ကြာ
စိုက်ကြည့်နေမိ၏။

ယခုအချိန်၌ ချိုးဟုန်ရွှယ်ဟာ
လေလွင့်မသေမျိုးတစ်ယောက်ပင်။
အနက်ရောင်ဝတ်စုံအောက်၌
ခန္ဓာကိုယ်အပြည့်အစုံရှိနေပြီး
ယခင်လို အရိုးတွေသာရှိတော့သည်
မဟုတ်ချေ။ချိတ်ဆွဲထားသော သွေးဆာ
‌တ‌စ္ဆေများလည်း မရှိတော့ကြောင်း
သူ့ကိုယ်သူလည်း သိသည်။
တစ္ဆေကျင့်ကြံသူဟူသည့် သူ၏
ဂုဏ်သတင်းပျက်စီးမှာ စိုးရိမ်သောကြောင့်
ငရဲမီးလျှံခန်းမဆောင်တွင်
သူ့လက်အောက်ငယ်သားများနှင့်
မတွေ့မိအောင် ချိုးဟုန်ရွှယ်
ရှောင်ရှားလာခဲ့သည်။

သူ့အား ရှူယန့်ယန့်စိုက်ကြည့်နေခြင်းကို
လှောင်ပြောင်နေခြင်းဟု ယူဆလိုက်ပြီး
"ငါ့ကိုကြည့်ခွင့် နင့်မှာရှိလို့လား။"
ဟုစိတ်ရှုပ်ပုံဖြင့် မေးလိုက်သည်။

"ငါကဘာလို့ ကြည့်လို့မရမှာလဲ။
ဒီကာကွယ်သူ နင့်ကိုကြည့်တာကို
ဂုဏ်တောင် ယူရဦးမှာ။"
ဟု ရှူယန့်ယန့်ခေါင်းကိုမော့လိုက်ပြီး
ဝင့်ကြွားစွာ ပြောလိုက်သည်။

ဤသို့ဖြင့် ၎င်းတို့နှစ်ဦးစတင်တိုက်ခိုက်တော့သည်။အကြောင်းအရင်း
ထွေထွေထူးထူးမရှိပေ။

ဝမ်ရန်အယ်နှင့် ယင်ဟန်ကျန်းတို့
ရောက်ရှိလာသောအခါ ဆင်ခြေလျှောတစ်ဝိုက်၌ ချိုးဟုန်ရွှယ်ဟာ
ရှူယန့်ယန့်နောက် ပြေးလိုက်နေပြီး
ခန်းမဆောင်သခင်ယွမ်ကလည်း
"ရွံစရာကောင်းတဲ့လက်အောက်ငယ်သားတွေ
လက်ခံထားတဲ့ မင်းကိုပညာပေးမယ်။
ငါလုပ်-ငါမင်းကို
သတ်မယ်။"ဟုအော်ဟစ်ရင်း
အခွင့်အရေးရလျှင်ရသလို
ချိုးဟုန်ရွှယ်ကို အလစ်ဝင်
တိုက်ခိုက်နေ၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now