အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း

1.2K 239 39
                                    

ဝမ်ရန်အယ်ဟာ ကောင်းကင်လောင်ကျွမ်းစည်ကြောင့်သတိပြန်ဝင်လာပြီးနောက်
ထိပ်တန်းကျင့်ကြံသူနှစ်ဆယ့်တစ်ယောက်နှင့် သူသေကိုယ်သေတိုက်ပွဲကိုဆင်နွှဲ
ခဲ့သည်။ဘယ်နှစ်ယောက်လောက်ကို
သူသတ်နိုင်ခဲ့ပြီး ဘယ်နှစ်ယောက်လောက်အသက်ရှင်ကျန်ခဲ့သလဲဆိုတာ သူမသိပေ။

မူလက ဝမ်ရန်အယ်ဟာအင်အားကုန်
ထုတ်သုံး၍ အကန့်အသတ်ရောက်သည်အထိတိုက်ခိုက်ပြီး သူ၏စွမ်းအားကို
စမ်းသပ်ရန်အစီအစဥ်ဆွဲထားတာဖြစ်သည်။
အရာအားလုံးကို စွန့်လွှတ်ပစ်ရန်
ပြင်ဆင်ခဲ့သော်လည်း စည်သံကြောင့်
နောက်ဆုံးအချိန်တွင် အသိ
ပြန်ဝင်လာခဲ့သည်။

ဟင်းလင်းပြင်နယ်နိမိတ်အဆင့်စွမ်းအားကိုသုံး၍ ကောင်းကင်လောင်ကျွမ်းစည်ကို
ယင်ဟန်ကျန်းအသက်စွန့်တီးခဲ့ခြင်းမှာ
သူတိုက်ပွဲ၌ သေဆုံးသွားမှာကို
မကြုံချင်၍ဖြစ်ကြောင်း သိသာ
ထင်ရှားလှသည်။

တိုက်ပွဲမစခင်က အသက်ရှင်လျက်ပြန်လာ
ခဲ့ပါမည်ဟု သူယင်ဟန်ကျန်းကိုကတိပေးထားခဲ့သည်။ဝမ်ရန်အယ် သူ့ကတိကို
သူဘယ်တော့မှဖျက်မှာ မဟုတ်။တိုက်ပွဲပြီးဆုံးချိန်၌ သူ့စွမ်းအားတပိုင်းတစ်စကို
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်ချန်ထား
ခဲ့သည်။ထို့ကြောင့် ယင်ဟန်ကျန်း
သူ့ကိုရှာတွေ့ကာ ကယ်တင်နိုင်ခဲ့ချိန်အထိ
အသက်မသေအောင် ထိန်းထားနိုင်ခဲ့သည်။

နောက်ဆုံးလက်ကျန်အင်အားကိုသုံး၍
သူအသက်ရှင်နေသေးကြောင်း
ယင်ဟန်ကျန်းကို အသိပေးပြီးနောက်
သတိလစ်သွားသည်။

သူ၏ ဒဏ်ရာများသည် အလွန်ပြင်းထန်လှ၏။အသိဝင်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသည့်ကြားက သူ့ကိုခေါ်နေသည့်
ယင်ဟန်ကျန်းအသံကို သူကြားနေရသည်။သို့သော်လည်း မျက်ခွံများဟာ အလွန်လေးလံနေသဖြင့် သူမျက်လုံးမဖွင့်နိုင်ပေ။

မူလဇာတ်ကြောင်းထဲ၌ ဝမ်ရန်အယ်
အချိန်ခဏကြာ သတိလစ်သွားပြီး
ပြန်သတိရလာသည့်အခါ အနား၌
အလုပ်ရှုပ်နေသည့် ပိုင်လီချင်းမြောင်ကို
တွေ့လိုက်ရသည်။နေရောင်ခြည်မှအလင်းတန်းတစ်တန်း ပိုင်လီချင်းမြောင်အပေါ် ဖြာကျနေသည်။အခြားလူများကိုကယ်တင်ချင်သည့် သန့်စင်၊လှပသောစိတ်ထားပိုင်ရှင်ဖြစ်ပြီး သူ၏အမူအယာဟာ
နွေးထွေးကာ ခိုင်မာပြတ်သားနေ၏။
ထိုသို့ နေရောင်ခြည်ဖြာကျနေခြင်းကြောင့်လား နတ်ဘုရားရောင်ခြည်ကြောင့်လား
မသဲကွဲပေမဲ့ သူဟာနတ်ဆိုးအရှင်သခင်၏
နှလုံးသားကို လှုပ်ခတ်သွားစေသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now