အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်

1.2K 210 28
                                    

သွေးကျင့်စဥ်တွေဟာ ပျောက်ဆုံးကျင့်စဉ်
များဖြစ်သည့်အတွက် ကျင့်ကြံအောင်မြင်သူ
အနည်းငယ်သာရှိသည်။သွေးဖြိုခွဲလမ်းစဉ်အကြောင်းသိသူလည်းအလွန်ရှားပါးလှ၏။
သို့သော် ယင်ဟန်ကျန်းသည်
ဝမ်ရန်အယ်နောက်လိုက်ခဲ့တာကြာပြီ
ဖြစ်သည့်အပြင် သွေးကျင့်စဉ်စာအုပ်ကို
ရရှိခဲ့စဉ်ကလည်းသူရှိခဲ့သည်။ထို့ကြောင့်
ထိုလမ်းစဉ်များနှင့်ပတ်သက်ပြီး
သူအနည်းငယ်နားလည်သည်။

သွေးဖြိုခွဲလမ်းစဉ်ကျင့်ကြံသူခံစားရမည့်
နာကျင်မှုများ သို့တည်းမဟုတ်
အောင်မြင်ရန်ခက်ခဲသည်ဟူသော
အချက်များကို မေ့ထားလျှင်သော်တောင်မှ
အရေးအကြီးဆုံးအချက်မှာ လွန်ခဲ့သည့်
နှစ်ပေါင်းတစ်သောင်းက သွေးကျင့်စဉ်‌ ကျင့်ကြံအောင်မြင်ခဲ့သော
တစ်ဦးတည်းသောသူသည်
ရူးသွပ်သွားကာ မကောင်းဆိုးဝါး
နတ်ဆိုးဖြစ်သွားသဖြင့်ထိုသူ့ကိုသတ်ရန်
အမှန်တရားဂိုဏ်းများနှင့်နတ်ဆိုးဂိုဏ်းများပူးပေါင်းခဲ့ရသည်ဟူသည့်အချက်ပင်။

ဤတွင်သုံးနှုန်းထားသည့်
မကောင်းဆိုးဝါးနတ်ဆိုးဟူသည်မှာ
ကျင့်ကြံနည်းများဖြင့်ပိုင်းခြားထားသည့် အမှန်တရားဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများကိုဆိုလိုခြင်းမဟုတ်ဘဲ အတွင်းစိတ်မကောင်းဆိုးဝါးကိုဆိုလိုခြင်းဖြစ်သည်။

မိုးကောင်းကင်ဟာ အကြီးအကဲဆိုလျှင်
ကျင့်ကြံသူဟာ လူငယ်ဖြစ်သည်။
အမှန်တရားကျင့်ကြံသူများဟာ
ဝိဉာဉ်စွမ်းအင်များကို လိမ်ညာယူရန်မိုးကောင်းကင်နှင့် လိုက်လျောညီထွေ
ဖြစ်အောင်‌နေသည်။ကျင့်စဉ်များသုံးပြီး မိုးကောင်းကင်နှင့်ဆက်သွယ်ကာ
စကြာဝဠာနှင့် တသားတည်းဖြစ်အောင်
ကြိုးစားကြသည်။ဤနည်းသုံးမှသာ
ကမ္ဘာမြေမှ ဝိဉာဉ်စွမ်းအင်များဟာ
ကျင့်ကြံသူများကို အသိအမှတ်ပြုပြီး
စုပ်ယူခွင့်ပေးမှာဖြစ်သောကြောင့်ပင်။
အမှန်တရားကျင့်ကြံသူများဟာ မိုးကောင်းကင်၏စည်းမျဉ်းဥပဒေသများကို ဂရုတစိုက်လိုက်နာကြပြီး စကြာ၀ဠာနှင့်လိုက်လျောညီထွေဖြစ်ရန် ကုသိုလ်ကောင်းမှုများကို စုဆောင်းကြသည်။မိုးကောင်းကင်ကို လှည့်စားရန်အရင်ဆုံးကိုယ့်ကိုကိုယ် လှည့်စားရသည်။၎င်းတို့ လျှောက်လှမ်းသည့်လမ်းသည်ကောင်းကင်ကိုလှည့်စားပြီး
ကျင့်ကြံသည့်လမ်းဖြစ်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now