အပိုင်း၂၄။ဘေးချင်းယှဉ်လျက်

1.1K 193 16
                                    

ဝမ်ရန်အယ် ဤခရီးသွားရခြင်း၏
ရည်ရွယ်ချက်မှာ ယင်ဟန်ကျန်းအတွက်
ဓားအသစ်တစ်ချောင်း သွန်းလုပ်ပေးဖို့ပင်။
ဖြစ်နိုင်ပါက မသေမျိုးအသုံးအဆောင်ပစ္စည်း သွန်းလုပ်‌ပေးချင်သည်။
သို့မဟုတ်ပါကလည်း
မသေမျိုးအသုံးအဆောင်ပစ္စည်း
ဖြစ်ကာနီး လက်နက်တစ်ခု
လုပ်ပေးချင်သည်။

ပြိုကွဲတောင်ဥက္ကာခဲကို တိုကင်နှင့်
အနာဂတ်တွင်အကူအညီပေးမည်
ဟူသည့်ကတိတစ်ခုဖြင့်
လဲလှယ်ပြီးနောက် ဝမ်ရန်အယ်ဟာ
ယင်ဟန်ကျန်းကို မိုင်ထောင်ချီ
ရေခဲလွင်ပြင်သို့ ခေါ်ဆောင်သွား၏။

ယခုလက်ရှိထိုနေရာကို မိုင်ထောင်ချီ
မီးပင်လယ်ဟု ခေါ်သင့်သည်။
လွန်ခဲ့သည့်ဆယ့်တစ်နှစ်က
အဖြူရောင်နှင်းတွေ ဖုံးလွှမ်းနေ‌ခဲ့သည့်
လွင်ပြင်ဟာ ကျောက်ရည်ပူပင်လယ်ပြင်
အဖြစ်ပြောင်းလဲသွားချေပြီ။
ယင်ဟန်ကျန်းနှင့် ဝမ်ရန်အယ်တို့တောင်မှ မျက်နှာပြင်နား သိပ်မကပ်ကြပေ။
လေပေါ်မှသာ ကြည့်ရှုနေကြသည်။

"ရေခဲအောက်က မီးတောက်မီးလျှံတွေကို
သုံးပြီး ခရမ်းရင့်ရောင်နန်းတော်က
လေလွင့်မသေမျိုး ရာစုနှစ်
အများကြီးကျင့်ကြံခဲ့တယ်။
အဲ့တာတာတောင်မှ ဆီးနှင်းမီးလျှံကို
ရှာမတွေ့ခဲ့ဘူး။ရေခဲလွင်ပြင်မှာ
ပိုင်လီချင်းမြောင်လဲကျသွားတော့
သူ့လက်ထဲ ဆီးနှင်းမီးလျှံ
ချက်ချင်းပေါ်လာတယ်။
မသေမျိုးရဲ့ခန္ဓာကိုယ်အစစ်အမှန်ကို
ရှာဖို့ဒီအရှင်က ရေခဲလွင်ပြင်ကို
ဖျက်စီးလိုက်ရတယ်။အပေါ်မှာ
ဖုံးအုပ်ထားတဲ့ ရေခဲတွေမရှိတော့
မြေအောက်မီးတောက်မီးလျှံတွေဟာ
ရေခဲလွင်ပြင်ကို မီးပင်လယ်အဖြစ်
ပြောင်းလဲပစ်လိုက်တော့တာပဲ။"

ဝမ်ရန်အယ်မှလွဲပြီး အခြားအရာတွေကို
အာရုံစိုက်ခဲသည့် ယင်ဟန်ကျန်းဟာ
မနေနိုင်တော့ဘဲ
"ဘာလို့ ဝိဉာဉ်လောကက
ပိုင်လီချင်းမြောင်ဆန္ဒအတိုင်း
လိုက်ပြောင်းလဲနေရတာလဲ။
ဘာလို့ သူစိတ်ကူးယဉ်လိုက်တဲ့
ပစ္စည်းတွေအကုန်အပြင်မှာ
တကယ်ပေါ်လာရတာလဲ။"
ဟုမေးလိုက်မိသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now