အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ

1.2K 195 23
                                    

ပိုင်လီချင်းမြောင်ဟာ ချိုးဟုန်ရွှယ်လက်မောင်းကိုဖက်လိုက်ရင်း
လုချင်းယဲ့ဆီသို့ ရန်စသည့်အငွေ့အသက်အပြည့်ပါဝင်သောအကြည့်တစ်ချက်
ပစ်ခွင်းလိုက်လေသည်။

ဝမ်ရန်အယ် : ....

ချွမ်းယွမ်ဂိုဏ်းတွင် တစ်ယောက်ယောက်
ကသာ သူ့ကို ထိုကဲ့သို့ကြည့်ရဲပါက
တစ်သက်လုံးမည်သည့်အရာကိုမှ
ထပ်ကြည့်၍မရတော့အောင် လုပ်ပစ်မှာပင်။
မျက်လုံးတွေကို နှိုက်ထုတ်ပစ်ပြီး
ချွမ်းယွမ်ဂိုဏ်း၏အဓိကခန်းမဆောင်၌
ချိတ်ဆွဲထားမည်။ထိုမျက်လုံးတွေ
စိုက်ကြည့်လိုသမျှ သူ့ကိုအချိန်ပြည့်
စိုက်ကြည့်နိုင်ချေပြီ။

ပိုင်လီချင်းမြောင်၏ ဗြောင်ကျကျ
အကြည့်ကို ချိုးဟုန်ရွှယ်သတိထား
မိသွားသည့်အခါ ဝမ်ရန်အယ်၏
တုန့်ပြန်မှုကို အလိုလိုအကဲခတ်မိ
လိုက်သည်။မျက်နှာအမူအရာ
တင်းမာသွားသည်ကို တွေ့လိုက်ရသည့်
အခါ ချက်ချင်းပင် ပိုင်လီချင်းမြောင်၏ မျက်လုံးကို လက်ဖြင့်အုပ်လိုက်မိသည်။

ကြုံနေရသည့် အန္တရာယ်ကို
သတိမမူမိသော ပိုင်လီချင်းမြောင်ဟာ
ခေါင်းငုံ့လိုက်ပြီး ချိုးဟုန်ရွှယ်ရင်ခွင်ထဲ
တိုးဝင်လိုက်သည်။"ဆရာချင့်ရွှယ်
ကျွန်မ တကယ်..တကယ့်ကို ဂိုဏ်းတူအစ်ကိုကိုသတိရလို့ပါ။ကျေးဇူးပြုပြီးတော့
သွားတွေ့ခွင့်ပေးပါ‌နော်။"ဟု
တောင်းဆိုလိုက်သည်။

"မင်းသူ့ကို သွားတွေ့လို့ရတယ်။
အနာဂတ်ကျရင် တွေ့လို့ရတော့မှာမှ
မဟုတ်တာ။ဟုတ်တယ်မလား။"ဟု
ချိုးဟုန်ရွှယ်ပြောရင်း ရင်ခွင်ထဲမှ
ပိုင်လီချင်းမြောင်ကို ဆွဲထုတ်လိုက်ကာ
လုံးဝန်းကာတောက်ပနေသော
မျက်လုံးတွေကို ကြည့်မိသွားသည်။

နောက်ဆုံးမေးခွန်းဟာ ဝမ်ရန်အယ်ကို
မေးခြင်းဖြစ်သည်။ထာဝရ မျက်မမြင်
မဖြစ်သွားခင်သူအချစ်ရဆုံးလူကို
တွေ့သွားခွင့်ပေးပါဟု ဝမ်ရန်အယ်အား
ပိုင်လီချင်းမြောင်အစားငဲ့ညှာပေးရန်
တောင်းဆိုနေခြင်းလည်းဖြစ်၏။
ဤသည်မှာ ဆရာတစ်ယောက်အနေဖြင့် တပည့်အတွက် နောက်ဆုံးလုပ်ပေးနိုင်သော
အရာတစ်ခု ဖြစ်ပေသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now